နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ငွေကျပ် ၆ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ

မန္တလေး ဒီဇင်ဘာ ၂၇


အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက်၊  နံနက် ၁၀ နာရီခွဲအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာသည့် ၆ ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ယာဉ်ပေါ်၌ တားမြစ်ကန့်သတ် ကုန်ပစ္စည်းများပါရှိသဖြင့် အဆိုပါယာဉ်အား ပြည်ကြီးတံခွန်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ မောင်းနှင်ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ အသေးစိတ်ရှာဖွေခဲ့ရာ ယာဉ်ပေါ်ရှိ စက္ကူ ဂျပ်ဖာများအတွင်းမှ အိုက်စ် ၃၄၃ ကီလို သိမ်းဆည်းရမိသဖြင့် စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ  ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၂ လမ်းနှင့် လမ်း ၁၂၀ ကြား၊ အမှတ်(ညည-၅၉/၅၅)တွင် ရဲစိန် အားလည်းကောင်း၊ 

အလားတူ ညနေ ၄ နာရီအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂)ရပ်ကွက်၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြား၊ အမှတ်(၁၄၀)တွင် ယာဉ်မောင်း သန်းစိုး အားလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ရဲစိန်(၄၂)နှစ်၊ သန်းစိုး(၃၈)နှစ်တို့အား ဥပဒေအရအမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ