နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်တွင် နေအိမ်မီးလောင်နှင့် ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်တွင် ဆံသဆိုင်မီးလောင်

မန္တလေး ဒီဇင်ဘာ ၂၆


ဒီဇင်ဘာ ၂၃ ရက်၊ နံနက် ၁ နာရီ ၃၅ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ အကွက်အမှတ်(၄၀၅-A)၊ အုတ်ကျင်းရပ်နေ ပိုင်ရှင် ဦးဟိန်းထက်အောင်၏ ကျောက်တိုင်မိုမို ဝေဖာလုပ်ငန်းအလုပ်ရုံတွင် ဝေဖာထုပ်များအား အပူပေးပါကင်ထုပ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ သဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂၈ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

 အဆိုပါမီးလောင်မှုကြောင့် အလုပ်ရုံ ၂ ရုံ မီးလောင်ဆုံးရှုံးခဲ့ပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် ပိုင်ရှင်ဦးဟိန်းထက်အောင်အား မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၂၃ ရက်၊ ည ၁၂ နာရီ ၄၂ မိနစ်အချိန်ခန့်၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မြို့သစ် ရပ်ကွက်နေ ပိုင်ရှင် ဦးလှမောင်၏ ဆံသဆိုင်ခန်းတွင် ဘတ္တရီအိုးအားသွင်းထားရာမှ အပူလွန်ကဲ၍ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တော်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်၊ နံနက် ၁ နာရီ ၄၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

  အဆိုပါမီးလောင်မှုကြောင့် ဆိုင်ခန်း(၅)ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်ရှင် ဦးလှမောင်အား ကျောက်တော်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ