နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၁၃/၅)နှင့် (၁၁၃/၆)ကြားတွင် ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်

ကျိုက်ထို၊ ဒီဇင်ဘာ ၂၆


  ဒီဇင်ဘာ ၂၃ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၁၁၃/၅)နှင့် (၁၁၃/၆)ကြား တောင်ကြီးမှ မြဝတီသို့ အကူယာဉ်မောင်း ဦးနေဝင်း မောင်းနှင်လာသည့်(1M-xxxx)Nissan နောက်တွဲယာဉ်သည် ပြောင်းဖူးစေ့အိတ်များတင်ဆောင် မောင်းနှင်လာစဉ် အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ 

 အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးရဲကိုဟိန်း(သေဆုံး)နှင့် အကူယာဉ်မောင်း ဦးနေဝင်း အတွင်းလူနာ(စိုးရိမ်ရ)တို့အား မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ကျိုက်ထိုမြို့နယ်ပြည်သူ့ ဆေးရုံသို့ ကူညီပို့ဆောင်ခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးနေဝင်းအား ကျိုက်ထိုမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ