နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ကာကွယ်ကုသရေးဆောင်ရွက်ပေးနေသည့် ဆရာဝန်များနှင့် သူနာပြုများအတွက် နေထိုင်ရေးစီစဉ်

Covid-19 ကာကွယ်ကုသရေးလုပ်ငန်းများတွင် အားစိုက်ဆောင်ရွက်နေကြသည့် ဆရာဝန်များနှင့် သူနာပြုများနေထိုင်မှုအဆင်ပြေစေရေးအတွက် မြန်မာ့လက်ရွေးစင်အသင်းများအဆောင်အား အသုံးပြု နေထိုင်ရန် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ထားရှိပြီးဖြစ်သည်။ ပြင်ဆင်ထားရှိပြီးသည့် အဆောင်တွင် ဆရာဝန်များနှင့် သူနာပြုများအရေအတွက် ၈ဝ ဦးအထိ နေထိုင်နိုင်မည် ဖြစ်ပြီးအဆောင်မှနေ၍ မိမိတို့ တာဝန်ကျရာဆေးရုံများသို့ သွားရောက်တာဝန်ထမ်းဆောင် ရန်အတွက် ဖယ်ရီကားများလည်းစီစဉ်ထားရှိပြီးဖြစ်သည်။ Covid-19 စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် AYA Bank သင်တန်းကျောင်း၊ မြန်မာ့လက်ရွေးစင်အသင်းများအဆောင် ၃ ဆောင်နှင့် အမျိုးသားဘောလုံးအကယ်ဒမီကို ဧရာဝတီဖောင်ဒေးရှင်းမှ အချိန်မီပြင်ဆင်မွမ်းမံခဲ့ပြီးလက်ရှိအချိန်တွင် စောင့်ကြပ်ကြည့်ရှုခံမည့်သူများအရေအတွက် ၂၀၀ ဝန်းကျင် တည်းခိုနေထိုင်‌လျက်ရှိသည်။ တည်းခိုနေထိုင်ရာနေရာများတွင် နေ့စဉ်စားသောက်ရေးနှင့် သန့်ရှင်းရေး၊ လုံခြုံမှုရှိစေရေးနှင့် အထွေအထွေလိုအပ်ချက်များအတွက် စေတနာရှင်များ၊ လုပ်အားပေးလူငယ် Volunteers များနှင့်အတူ MFF, AYA Bank နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (သူရိန်)






အခြားဆက်စပ်သတင်းများ