နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီ၏ မဟာမိတ်တစ်ဦး ထိန်းသိမ်းခံရ

မော်စကို   ဒီဇင်ဘာ    ၂၆

ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီ၏ မဟာမိတ်တစ်ဦးမှာ ခရစ္စမတ်နေ့ နံနက်အစောပိုင်းက ယင်း၏နေအိမ် စီးနင်းရှာဖွေခံရပြီးနောက် ထိန်းသိမ်းခံထားရကြောင်း နာဗယ်နီကို အားပေးထောက်ခံသူများက ပြောသည်။ လူဘော့ဗ်ဆိုဘိုသည် ပြီးခဲ့သည့်သြဂုတ်လက နာဗယ်နီကို သေလုမျောပါးဖြစ်စေခဲ့သည့် အဆိပ်ခတ်မှုတွင် ပါဝင်ခဲ့သည်ဆိုသော ရုရှားပြည်ထောင်စုလုံခြုံရေးအဖွဲ့ဝင် ကူဒါယက်ဗ်ဆက်ကို ခြိမ်းခြောက်နေသူဖြစ်ကြောင်း ယင်းတို့က ဆိုသည်။

လူဘော့ဆိုဘိုသည် ပြီးခဲ့သည့်တနင်္လာနေ့ကလည်း အေးဂျင့်ဖြစ်သူ ကူဒါယက်ဗ်ဆက်၏ တိုက်ခန်းသို့ သွားရောက်ခဲ့ပြီးနောက် နာရီပိုင်းကြာ ဖမ်းဆီးခံခဲ့ရသည်။ နာဗယ်နီကို တိုက်ခိုက်မှုတွင် လုံးဝပါဝင်ခြင်းမရှိဟု ခရင်မလင်နန်းတော်က ငြင်းဆန်ထားသည်။ နာဗယ်နီမှာ ဝေဒနာ ပြန်လည်သက်သာလာခဲ့ပြီးနောက် ဂျာမနီနိုင်ငံတွင် အနားယူလျက်ရှိသည်။ နာဗယ်နီက လုံခြုံရေးအရာရှိအဖြစ် ဟန်ဆောင်ပြီး ကူဒါယက်ဆက်ဗ်ထံ ဆက်သွယ်မေးမြန်းရာတွင် ယင်း၏အတွင်းခံဘောင်းဘီထဲသို့ နိုဗစ်ချော့ဓာတုဆေးရည် ထည့်ခဲ့သည်ဟု ပြောခဲ့သည်။ အဆိုပါအကြောင်းအရာကို နာဗယ်နီက  ပြီးခဲ့သည့်တနင်္လာနေ့တွင် YouTube ပေါ် တင်ခဲ့ရာ ကြည့်ရှုမှုအကြိမ်ရေ ၁၉ သန်းကျော်ရှိခဲ့သည်။

အသက် ၃၃ နှစ်ရှိသည့် လူဘော့ဆိုဘိုသည် နာဗယ်နီကို ကာလရှည် ထောက်ခံခဲ့သူဖြစ်သည်။ အင်အားသုံးခြင်း သို့မဟုတ် အင်အားသုံးမည်ဟု ခြိမ်းခြောက်ပြီး ပိုင်နက်ကျူးလွန်မှုကြောင့် လူဘော့ဆိုဘိုကို စုံစမ်းစစ်ဆေးနေသည်ဟု FBK ( အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့) အကြီးအကဲ ဇာဒနော့ဗ်က ပြောသည်။

KNT






အခြားဆက်စပ်သတင်းများ