နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဟုန်ထိုးမြင့်တက်

မေ ၇၊  မိုဒါဒစ်ရှူး

ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 လူနာသစ် အနည်းဆုံး ၁၀၅၀၃ ဦး တွေ့ရှိခဲ့ပြီး လူ ၆၁၅ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။
ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်း အချက်အလက်များအရ ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁၂၅၂၁၈ ဦး ရှိနေပြီး ၈၅၃၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ဘရာဇီးနိုင်ငံမှာ လက်တင် အမေရိကနိုင်ငံများအနက် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရမှု အများဆုံးနိုင်ငံဖြစ်နေပြီး ဗိုင်းရပ်စ်ခြိမ်းခြောက်နိုင်စွမ်းကို လျှော့တွက်ခဲ့ခြင်းကြောင့် ဘရာဇီးသမ္မတ ဘော်ဆိုနာရိုလည်း ဝေဖန်ခံနေရသည်။

ဘော်ဆိုနာရိုမှာ ဘရာဇီးနိုင်ငံတွင် အသွားအလာ ကန့်သတ်မှုစည်းမျဉ်းများ အဆုံးသတ်ရန် တိုက်တွန်းသည့် နိုင်ငံရေးစုဝေးပွဲများကို ထပ်ဖန်တလဲလဲ တက်ရောက်ခဲ့သူဖြစ်သည်။ ဘရာဇီးသမ္မတ ဘော်ဆိုနာရို၏ ပြောရေးဆိုခွင့်ရှိသူ ဘားရို့စ်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဘားရို့စ်မှာ ပြီးခဲ့သည့်တနင်္လာနေ့က ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ပြီးခဲ့သည့်အင်္ဂါနေ့တွင် ယင်း၏အခြေအနေကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဘားရို့စ်မှာ သတိထားလောက်စရာ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။    

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ