နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကက်ရှ်မီးယားဒေသမှ ထင်ရှားသည့် လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးကို အိန္ဒိယတပ်ဖွဲ့ အသေဖမ်းဆီး

မေ ၇၊ နယူးဒေလီ

ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသမှ ထင်ရှားသည့် လက်နက်ကိုင်ခေါင်းဆောင် ရီယက်ဇ်နာ အီကူးကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များက အသေဖမ်းဆီးနိုင်ခဲ့ကြောင်း အရာရှိများက ပြောသည်။

၂၀၁၆ ခုနှစ်တွင် ဘာဟန်ဝါနီကို လုံခြုံရေးတပ်ဖွဲ့များက အသေဖမ်းဆီးခဲ့ပြီးနောက် ရီယက်ဇ်နာအီကူးက တားမြစ်ပိတ်ပင်ထားသည့် ဟစ်ဇ်ဘူလ်မူဂျာဟစ်ဒင်အဖွဲ့ကို ရီယက်ဇ်နာအီကူးက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ဘာဟန်ဝါနီ သေဆုံးမှုကြောင့် ကက်ရှ်မီးယားဒေသတွင် ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့ဖူးသည်။ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံ နှစ်နိုင်ငံလုံးက သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသမှာ ၁၉၈၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်မှုအောက် ရောက်ချိန်ကတည်းက ဆူပူအုံကြွခဲ့ခြင်းဖြစ်ပြီး ဘာဟန်ဝါနီ သေဆုံးချိန်တွင် ပိုမိုဆိုးရွားလာခဲ့သည်။

အိန္ဒိယနိုင်ငံက စီမံခန့်ခွဲနေသည့် ကက်ရှ်မီးယားဒေသတွင် မကြာသေးမီက အုံကြွမှုများဖြစ်ပွားခဲ့ရာ တိုက်ခိုက်မှုနှစ်ခုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့သည်။ ထို့နောက်တွင် ပူလ်ဝါမာခရိုင်၊ ဘိုင်ဂျ်ပိုရာရွာ တွင် ရီယက်ဇ်နာအီကူးကို အသေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယစစ်တပ်၊ ပြည်သူ့စစ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့၏ ပူးပေါင်းစီးနင်းမှုတွင် ရီယက်ဇ်နာအီကူး ပိတ်မိခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ ရီယက်ဇ်နာအီကူးမှာ ရှစ်နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေသူဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း တိုက်ခိုက်မှုများကြောင့် ထိပ်တန်းအရာရှိများ အပါအဝင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးခဲ့ပြီး ရီယက်ဇ်နာအီကူးအပါအဝင် လက်နက်ကိုင် ၇၆ ဦးကို အသေဖမ်းဆီးနိုင်ခဲ့သည်။                         

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ