နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာဒူရိုကို ရာထူးမှဖြုတ်ချပြီး အမေရိကန်သို့ ဖမ်းဆီးခေါ်ဆောင်သွားရန် ကြိုးပမ်းခဲ့ဟု အမေရိကန်နိုင်ငံသားတစ်ဦး ဖြောင့်ချက်ပေးဖွယ်ရှိ

မေ ၇၊  ကရာကက်စ်

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ရာထူးမှဖြုတ်ချပြီး အမေရိကန်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားရန် အကွက်ချ စီစဉ်ခဲ့သည်ဟု အမေရိကန်နိုင်ငံသားတစ်ဦးက ဝန်ခံခဲ့ဖွယ်ရှိသည့် ရုပ်သံမှတ်တမ်းကို ဗင်နီဇွဲလားရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

လုခ်ဒန်းမန်းမှာ ပြီးခဲ့သည့်အားလပ်ရက်က ဖမ်းဆီးခံခဲ့ရသူ ၁၃ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ ဖမ်းဆီးခဲ့သူများမှာ ကြေးစားစစ်သည်များဖြစ်ပြီး ယင်းတို့၏ လက်နက်ကိုင်ကျူးကျော်မှုကို ဟန့်တားနိုင် ခဲ့သည်ဟု ဗင်နီဇွဲလားနိုင်ငံက ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံကို ကျူးကျော် ပြီး ယင်းကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းနေသည်ဟု မာဒူရိုက မကြာခဏ စွပ်စွဲခဲ့ဖူးသည်။ သို့သော် ယခု နောက်ဆုံးဖြစ်ရပ်တွင် အမေရိကန်နိုင်ငံ ပါဝင်ပတ်သက်ခြင်းမရှိဟု ဒေါ်နယ်ထရမ့်က ပြောသည်။ အမေရိကန် နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်နိုင်ရန်အတွက် အမေရိကန်အစိုးရက ဘက်ပေါင်းစုံမှ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောသည်။

ကိုလံဘီယာနိုင်ငံရှိ ဗင်နီဇွဲလားနိုင်ငံသားများကို လေ့ကျင့်ပေးရန် ယင်းကို တာဝန်ပေးထားကြောင်း၊ ထို့နောက်တွင် ကရာကက်စ်မြို့သို့ ပြန်လာပြီး မာဒူရိုကို ဗင်နီဇွဲလားနိုင်ငံအတွင်းမှ ခေါ်ထုတ်နိုင်ရန်အတွက် ကရာကက်စ်မြို့လေဆိပ်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့သည့် ရုပ်သံမှတ်တမ်းတွင် လုခ်ဒင်းမန်းက ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ