နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှာ ပုလဲဆိပ်ကမ်းဗုံးကြဲမှု၊ စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်မှုများထက် ပိုဆိုးရွားသည်ဟု ဒေါ်နယ်ထရမ့် ပြော

မေ ၇၊ ဝါရှင်တန်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှာ အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မှတ်ချက်ပေးခဲ့ပြီး တရုတ်နိုင်ငံအပေါ် အပြစ်တင်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမှာ ဒုတိယကမ္ဘာစစ်အတွင်း ပုလဲဆိပ်ကမ်း ဗုံးကြဲတိုက်ခိုက်မှု၊ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုက ဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုများထက် အမေရိကန်နိုင်ငံအပေါ် သက်ရောက်မှု ပြင်းထန်ခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံတွင် ကူးစက်ခံရသူ ၁.၂ သန်းကျော် ရှိနေပြီး လူ ၇၃၀၀၀ ကျော် သေဆုံးခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်းတွင် ဒေါ်နယ်ထရမ့်က ''ကျွန်တော်တို့နိုင်ငံသမိုင်းတစ်လျှောက်  အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုကို ဖြတ်သန်းနေရပါတယ်။ ဒါက ကျွန်တော်တို့ကြုံဖူးသမျှ အဆိုးရွားဆုံး တိုက်ခိုက်မှုပါ။ ပုလဲဆိပ်ကမ်း ဗုံးကြဲတိုက်ခိုက်မှုထက် ပိုဆိုးသလို ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှု ထက်လည်း ပိုဆိုးပါတယ်။ ဒီလိုတိုက်ခိုက်မှုမျိုး တစ်ခါမျှ မကြုံဖူးပါဘူး။ ဒီလိုကိစ္စမျိုး လုံးဝမဖြစ်သင့်ပါဘူး။ စတင်ရာ ရင်းမြစ်မှာ တားဆီးနိုင်ရမှာပါ။ တရုတ်နိုင်ငံမှာတင် တားဆီးနိုင်ရမှာပါ။ ဒါပေမဲ့ မတားဆီးနိုင်ခဲ့ဘူး''ဟု သတင်းထောက်များကို ပြောခဲ့သည်။                      

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ