နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိတ်ဆို့မှုများကြောင့် ဧပြီလ တစ်လအတွင်း အိန္ဒိယနိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်သူ ၁၂၂ သန်းရှိ

မေ  ၇၊  နယူးဒေလီ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်ရန် ရည်ရွယ်သည့် ပိတ်ဆို့မှုကြောင့် ပြီးခဲ့သည့် ဧပြီလတစ်လ အတွင်း အိန္ဒိယနိုင်ငံသား ၁၂၂ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း ပုဂ္ဂလိက သုတေသနအေဂျင်စီ၏ အချက်အလက်သစ်များတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၏ အလုပ်လက်မဲ့ဖြစ်မှုနှုန်းမှာ ၂၇ ဒသမ ၁ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့သည်ဟု Centre for Monitoring the Indian Economy(CMIE) အေဂျင်စီက ပြောသည်။

အချက်အလက်သစ်အရ အိန္ဒိယနိုင်ငံ၏ အလုပ်လက်မဲ့ဖြစ်သူဦးရေမှာ အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့ ဖြစ်သူ အရေအတွက်ထက် ၄ ဆ ပိုများနေကြောင်း တွေ့ရသည်။ အိန္ဒိယနိုင်ငံက အလုပ်အကိုင်နှင့်ပတ်သက်၍ တရားဝင်ကိန်းဂဏန်းအချက်အလက်များ ထုတ်ပြန်ခြင်းမရှိပေ။

သို့သော် CMIE ၏ အချက်အလက်များကို လူအများအပြားက လက်ခံထားသည်။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန်အတွက် မတ်လ ၂၅ ရက်ကတည်းက နိုင်ငံတစ်ဝန်း အသွားအလာပိတ်ဆို့ခဲ့ရာ အလုပ်လက်မဲ့ဖြစ်သူ အများအပြားရှိခဲ့သည်။ အိန္ဒိယနိုင်ငံ၏ လူဦးရေ ၉၀ ရာခိုင်နှုန်းမှာ ကျပန်းအလုပ်လုပ်သူများဖြစ်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ ရပ်နားပြီး အများပြည်သူ ပို့ဆောင်ရေးစနစ်ကို ဆိုင်းငံ့လိုက်ချိန်တွင် ယင်းတို့မှာ ပထမဆုံး အထိနာခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၁၇၈၅ ဦး ရှိသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ