နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်နိုင်ငံတွင် ကူးစက်မြန်သည့် ဒုတိယမြောက် ကိုဗစ်မျိုးဗီဇသစ်တစ်မျိုး ထပ်မံတွေ့ရှိ

လန်ဒန်    ဒီဇင်ဘာ    ၂၄


ဗြိတိန်နိုင်ငံတွင် ထပ်မံတွေ့ရှိရသည့် ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇသစ်မှာ တောင်အာဖရိကနိုင်ငံနှင့် ဆက်နွှယ်နေသည်ဟု ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ပြောသည်။  တောင်အာဖရိကနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇသစ် တွေ့ရှိရကြောင်း၊ အဆိုပါမျိုးဗီဇသစ်မှာ မကြာသေးမီက တောင်အာဖရိကနိုင်ငံတွင် ရောဂါကူးစက်ပြန့်ပွားမှုမြင့်တက်လာခြင်းနှင့် ဆက်နွှယ်နေကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တောင်အာဖရိကနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။


'' တောင်အာဖရိကနိုင်ငံသားတွေရဲ့ အထင်ကြီးလောက်စရာ မျိုးဗီဇလေ့လာမှုစွမ်းရည်ကြောင့် ဗြိတိန်နိုင်ငံမှာ ဒုတိယမြောက် ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ခံရသူ ၂ ယောက် ထပ်မံတွေ့ရှိခဲ့ပါတယ်။ သူတို့ ၂ ယောက်လုံးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း တောင်အာဖရိကနိုင်ငံကနေ ရောက်လာသူတွေနဲ့ ထိတွေ့မိသူတွေပါ''ဟု မတ်ဟန်းကော့က ဆိုသည်။


ဗြိတိန်နိုင်ငံမှာ ၇၀ ရာခိုင်နှုန်းအထိ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ပြန့်ပွားမှုကို တားဆီးဟန့်တားရန် ကြိုးပမ်းနေရပြီး ယခုထပ်မံ တွေ့ရှိရသည့် မျိုးဗီဇသစ်နှင့်ပတ်သက်၍ နောက်ထပ် လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။ '' အခုတွေ့ရတဲ့ မျိုးဗီဇသစ်က ပထမ မျိုးဗီဇသစ်ထက် ကူးစက်မှု ပိုမြန်နေလို့ စိုးရိမ်စရာပါပဲ''ဟု မတ်ဟန်းကော့က ပြောသည်။                       


KNT






အခြားဆက်စပ်သတင်းများ