နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
BBC ကပေးတဲ့ဆုကို မန်ချက်စတာမှာ လာယူရတာ ချိုမြိန်တယ်လို့ ကလော့ကပြော

ဒီဇင်ဘာ ၂၃


တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ BBC ရဲ့ဆုပေးပွဲမှာ လီဗာပူးအသင်းနဲ့ နည်းပြယာဂင်ကလော့ပ်တို့ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ၎င်းတို့ရဲ့ အောင်မြင်မှုတွေအတွက် အသိအမှတ်ပြုခြင်းခံခဲ့ရပြီး ဆုတွေရရှိခဲ့ပါတယ်။ နည်းပြ ယာဂင်ကလော့ပ်က တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ရရှိခဲ့သလို လီဗာပူးအသင်းကလည်း BBC ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းရဲ့ နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို လက်ဝယ်ပိုင်ပိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ တာဖြစ်ပြီး ယခုအချိန်ထိလည်းအခြားသောတိုးတက်မှုတွေက မျက်ဝါးထင်ထင်မြင်တွေ့ရအောင် ကူညီပေး နေခဲ့တာဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို လီဗာပူးအသင်းဟာ ဒုတိယနေရာက မန်ချက်စတာ စီးတီးအသင်းကို ၁၈ မှတ်အထိဖြတ်ပြီး ရရှိခဲ့တာဖြစ်ကာ လီဗာပူးအသင်း ခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆင်ကတော့ တစ်နှစ်တာ အကောင်းဆုံးအဓိကအားကစားသမားဆုအတွက် ဖော်မြူလာဝမ်းကားမောင်းသမား လူးဝစ္စဟာမီလ်တန်ကို မကျော်နိုင်ခဲ့ဘဲ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ လီဗာပူးနည်းပြယာဂင်ကလော့ပ်က မန်ချက်စတာမြို့ကို လာရောက်ပြီး ဆုလက်ခံရယူတဲ့အချိန်မှာ မန်ချက်စတာနဲ့ပတ်သက်တဲ့အကြောင်းကို ထည့်မပြောဘဲ မနေနိုင်ခဲ့တာဖြစ်ပါတယ်။ ကလော့က "ကျွန်တော့် အသင်းက ဒီဆုနဲ့ထိုက်တန်ပါတယ်။ သူတို့အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာမို့လို့ပါ။ အဲဒါက ပါရမီ၊ စရိုက် လက္ခဏာ၊ စိတ်ဆန္ဒ၊ အသင်းရဲ့စွမ်းအားတွေကို ရောစပ်ပြီးတော့အရမ်းကောင်းတဲ့လုပ်ဆောင်ချက်တစ်ခုဖြစ် လာတာပါ။ အဲဒါတွေအားလုံး အတူတကွ ပေါင်းလိုက်ပြီးတော့ ကျွန်တော်တို့ ချန်ပီယံတွေဖြစ်လာခဲ့တဲ့အချိန် မှာတော့ အရမ်းကောင်းတဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ လူအများကြီးစုဝေးခွင့်ပြုတဲ့အချိန်ကျ ရင်ပါတီပွဲအကြီးကြီး စီစဉ်ချင်ပါတယ်။ နည်းနည်းတော့ ကြာဦးမှာပါ။ ဒါပေမယ့် အဲဒီမတိုင်မီ ကျွန်တော်တို့ ဆုဖလားတစ်ခုခုလောက်တော့ အနိုင်ရနိုင်ကောင်း ရနိုင်ဦးမှာပါ။ ကြည့်ကြတာပေါ့။ ကျွန်တော် ပရိသတ်တွေကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ရဖို့ မစောင့်ဆိုင်းတော့ပါဘူး။ ဒီဆုကို မန်ချက်စတာမှာ လာယူရတာကိုက ပိုပြီးတောင် ချိုမြိန်ပါသေးတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။                                                   


 (SO)






အခြားဆက်စပ်သတင်းများ