နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေတီကိုဂိုးသမားအော့ဘလက်ခ်ကိုခေါ်ယူရန် ပီအက်စ်ဂျီအသင်း ပြင်ဆင်

ဒီဇင်ဘာ၂၃


ပီအက်စ်ဂျီအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အေတီကိုအသင်းဂိုးသမားအော့ဘလက်ခ်ကို ခေါ်ယူရန် ပြင်ဆင်နေကြောင်းသိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိအော့ဘလက်ခ်သည် ၂၀၁၄ ခုနှစ်က ဘင်ဖီကာအသင်းမှ အေတီကိုအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့် အတူခြောက်နှစ်တာကစားခဲ့သော်လည်းအောင်မြင်မှုမရရှိသည့်အတွက် အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

အော့ဘလက်ခ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကလည်းချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း အေတီကိုအသင်း၏ မြင့်မားသည့် ပြောင်းရွှေ့ကြေးကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ ရသည်။

ပီအက်စ်ဂျီအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အဓိကကစားသမားခေါ်ယူမှုအဖြစ် ဂိုးသမား အော့ဘလက်ခ်ကိုခေါ်ယူရန် အဓိကပစ်မှတ်ထားနေပြီး မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ် ကြောင်းသိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ