နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီစတီဖာနိုဆုနဲ့ဟွမ်ဒိုင်းနှစ်ဆုပိုင်ရှင် ဘန်ဇီးမားနဲ့ ရွှေဖိနပ်ဆုရှင် မက်ဆီတို့ကို MARCA ကဆုများချီးမြှင့်

ဒီဇင်ဘာ ၂၃


၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် စပိန်အခြေစိုက် နာမည်ကျော် အားကစား သတင်းစာ MARCA ဟာ နှစ်စဉ် ပေးအပ်ချီးမြှင့်နေတဲ့ တစ်ရာသီ အကောင်းဆုံးဆုတွေကို တနင်္လာနေ့က ပေးအပ်ချီးမြှင့်သွားခဲ့ ပါတယ် ။ ဒီစတီဖာနိုဆုဆိုတာက တစ်နှစ်တာအကောင်းဆုံးကစားသမားဆုဖြစ်ပြီး ဟွမ်ဒိုင်းဆုဆိုတာကတော့ ပရိသတ်တွေရဲ့ အကောင်းဆုံးကစားသမားဆုပဲဖြစ်ပါတယ်။ အဆိုပါ ဆုပေးပွဲ မှာတော့ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီမှာ ၂၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ရွှေဖိနပ် (ပီချီချီ) ဆုကို ဆွတ်ခူးရရှိ ခဲ့ပါတယ် ။ ဒါဟာ မက်ဆီရဲ့ ဘ၀မှာ ခုနစ်ခုမြောက် ပီချီချီဆုဖြစ်လာခဲ့ပါတယ် ။ ရီးရဲနည်းပြကြီး ဇီဒန်း ကလည်း အကောင်းဆုံးနည်းပြဆုကို ဆီဗီးလားနည်းပြ လိုပီတီဂွီနဲ့ ပူးတွဲရရှိသွားခဲ့သလို  ရီးရဲ မက်ဒရစ် ဂိုးသမား သီဘောက်ကော့တွိုက်ကတော့ အကောင်းဆုံး ဂိုးသမားဆု ( ဇာမိုရာဆု )ကို ရရှိခဲ့ပါတယ် ။ ရီးရဲမက်ဒရစ် တိုက်စစ်မှူးကာရင် ဘန်ဇီးမားကတော့ လာလီဂါရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဖြစ်တဲ့ ဒီစတီဖာနို ဆုနဲ့ ပရိသတ်တွေရဲ့ အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ဟွမ်ဒိုင်းဆုတို့ကိုရရှိသွားခဲ့ပါတယ် ။ ရီးရဲမက်ဒရစ် အသင်းဟာ အဲဗာတန် ၊ ယူဗင်တပ် အသင်းတွေထံ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းထွက်နေတဲ့ ကွင်းလယ်လူ အစ္စကို နဲ့ ပတ်သက်ပြီး အခု ချိန် အထိ ကမ်းလှမ်းမှု မရရှိ သေးဘူးလို့ သိရပါတယ် ။ ရီးရဲဟာ ဗီလာရီးရဲ အသင်းထံ အငှားချထားတဲ့ ဂျပန်ကြယ်ပွင့်လေးကူဘိုကို ပွဲကစားရမှု နည်းပါးနေမှုကြောင့် ဇန်နဝါရီလမှာပဲ ပြန်လည် ခေါ်ယူ ဖို့ ဆုံးဖြတ်ထားတယ်လို့ ကြားသိရပါတယ် ။                                                                      


(SO)






အခြားဆက်စပ်သတင်းများ