နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချမ်းမြသာစည်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

ချမ်းမြသာစည် မေ ၆

အလားတူ မေ ၅ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ သဇင်လမ်း ထောင့်တွင် ဒေါ်သန်းသန်းဆင့်(ခ)မသိမ့်(၅၅)နှစ်အားတွေ့ရှိ၍ ရှာဖွေစစ်ဆေးရာ၎င်း၏ ယာဘက်လက် အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၉၄၅ ပြား၊ ဖုန်းတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်သန်းသန်းဆင့်(ခ)မသိမ့် (ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ ဥပဒေအရ စစ်ဆေးအရေး ယူလျက်ရှိကြောင်းသိရသည်။

အလားတူ မေ ၅ ရက်၊ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖားကန့်မြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ မနကျေးရွာနေ ယဉ်မင်းဦး (ခ)မင်းမင်းနှင့် မသန်းသန်းဌေး(ခ)မဌေးတို့၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အတွင်းရှိ ကော်ပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၆၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ယဉ်မင်းဦး(ခ)မင်းမင်း(၂၄)နှစ်၊ မသန်းသန်းဌေး (ခ)မဌေး(၄၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။     

ဆွေဦး






အခြားဆက်စပ်သတင်းများ