နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ည အိပ်မပျော်ခြင်းအတွက် ပန်းသီးကုထုံး

ဒီဇင်ဘာ    ၂၃

ညအိပ်ရာ၀င်ခါနီး အနီရောင် ပန်းသီး တစ်လုံးစားပါ။
တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတွေမှာလည်း ရိုးရာကုထုံးအဖြစ် ညအိပ်ပျော်စေရန် ပန်းသီးတစ်လုံး စားကြသည်။ ထို့ပြင် အိပ်ရာခုတင် ခေါင်းရင်းနားမှာ ပန်းသီး ၃ လုံးကို မခွဲမစိပ်ဘဲ အလုံးလိုက် ထားအိပ်ရသည်။ ပန်းသီးရနံ့ သင်းသင်းလေးက နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပါသည်။ ဖြစ်ရပ်မှန် ဂန္ဓ၀င် ကိုရီးယားရုပ်ရှင်ဖြစ်သော "နန်းတွင်းရတနာ@ချန်ဂင်" ရုပ်ရှင်မှာလည်း ဘုရင်ကြီးသောကဖိစီး၍ အိပ်မပျော်ခြင်းကို နန်းတွင်းသူ သမားတော်လေးချန်ဂင်က ဤနည်းဖြင့် ကုသပျောက်ကင်းစေပါသည်။ ပန်းသီးစားသည့်အခါ အထဲမှ အလယ် အူတိုင်နှင့် အစေ့ကိုလည်း စားပေးရပါမည်။ ပန်းသီးအစေ့က ဗီတာမင်ကေဓာတ် အပြည့်အဝပါရှိသည်။ ၎င်းဓာတ်က ကင်ဆာဆဲလ်တွေကို သေစေပါသည်။ ထို့ပြင် ပန်းသီးစားသည့်အခါ အခွံနားကပ်နေသော အတွင်းသားက antioxidant ဟုခေါ်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါရှိနေကြပြီး ကိုယ်ခံစွမ်းအား ကောင်းမွန်စေပါသည်။
ထို့ကြောင့် ပန်းသီးစားသည့်အခါ အခွံပါ စားပေးရပါမည်။

သို့သော် သတိထားရမည့် အချက်များစွာရှိပါသည်။ တချို့စျေးသည်များက ပန်းသီးလှပ ဝင်းပြောင်လတ်ဆတ် နေစေရန် အခွံအပေါ်ယံကို ဖယောင်းပွတ်ထားကြသည်။ ပန်းသီးစိုက်တောင်သူများကလည်း ပန်းသီးကြီးထွား စေရန် နှင့် အပင်ပိုးမကျစေရန် တို့အတွက် ဓာတုဆေးများ သုံးစွဲ ကြသည်။ ထို့ပြင် ၎င်းပန်းသီး ဆွတ်ခူးချိန်မှစ၍ အဆင့်ဆင့် သယ်ယူပို့ဆောင်ကာ စျေးကွက်ထဲရောက်လာသည်အထိ လူအများ၏ လက်နှင့် ထိတွေ့ကိုင်တွယ် ထား ကြသည်။ ထို့ကြောင့် ပန်းသီးစားခါနီး အပေါ်ယံအခွံကို ဓားနှင့် ခပ်ပါးပါးခြစ်ထုတ်ပါ၊ ရေစင်စင်ဆေးပြီးမှ စားပါ။    

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ