နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ရွှေတောင်မြို့နယ်၌ စိတ်ကြွဆေးပြား များဖမ်းဆီးရမိ

ရွှေတောင် မေ ၆

မေ ၅ ရက်၊ နံနက် ၇ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်အနီး၊ ရန်ကုန်-ပြည်ကားလမ်း ဘေးတွင် တွေ့ရှိသူ ရန်ဝေးအောင် အားရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၂၄ ပြား၊ မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

နံနက် ၁၁ နာရီအချိန်တွင် ကွင်းဆက်အရ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဗိုလ်တစ်ထောင်(၁)လမ်းနေ အောင်မင်းစိုး ၏ နေအိမ်ကိုရှာဖွေရာ ယင်းအိမ်အိပ်ရာခေါင်းရင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၅ ပြား၊ လက်ကိုင်ဖုန်း ၂ လုံး၊ မြန်မာငွေသိန်း ၃,၀၀၀,၀၀၀ ကျပ်၊ လေသေနတ် ၂ လက်နှင့် စတီးဘောစေ့ ၂၈၀ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ရန်ဝေးအောင်(၂၉)နှစ်၊ အောင်မင်းစိုး(၄၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ