နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆောင်းသီးနှံမြေပဲများ နှုတ်သိမ်း

ရေနံချောင်း ဒီဇင်ဘာ ၂၂


မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခုနှစ်ဆောင်းသီးနှံတွင် မြေပဲစိုက်ဧက ၂၅၀ဝ လျာထားစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

ရေနံချောင်းမြို့နယ်၌ ဆောင်းသီးနှံအား ယာမြေစိုက်မြေပဲမှာ နှုတ်သိမ်းနေကြပြီဖြစ်ကြောင်း ကိုင်းမြေများမှာလက်ရှိ စိုက်ပျိုးလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

မြေပဲကိုပြည်တွင်း၌စားသုံးဆီအဖြစ်ဆီစက်များကဝယ်ယူသောကြောင့်မြေပဲတစ်တင်းကျပ် ၁၀ဝ၀ဝ မှ ၁၂၀ဝ၀ ကျပ်အထိရောင်းချရတယ်။ တောင်သူတွေအနေနဲ့မြေပဲစိုက်ပျိုးပါကတောင်သူ၏စိုက်ပျိုးဧက အကျယ်အဝန်းပေါ် မူတည်၍ ကျပ်ငါးသိန်းမှ ကျပ် ၁၀ သိန်းအထိ ရင်းနှီးရကြောင်း ဈေးကောင်းရဖို့လိုအပ်ကြောင်း ဒေသခံတောင်သူ ဦးသိန်းကပြောသည်။

ရေနံချောင်းမြို့နယ်၌  ၂၀၂၀-၂၀၂၁ ခုနှစ်ဆောင်းသီးနှံကို လက်ရှိယာမြေနှင့်ကိုင်းမြေများ၌ မြေပဲ၊နှမ်း၊ပဲလွန်း၊ကုလားပဲ၊ ဖူးစားပြောင်း၊ပဲတီစိမ်း၊မတ်ပဲ၊ပဲကြီး၊နေကြာ၊စားတော်ပဲ၊ထောပတ်ပဲ၊ငရုတ်၊ပန်းနှမ်းထက်မြေပဲဧက ၂၅၀ဝ အများဆုံး  စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ