နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘောဇဘဏ်မှ COVID-19 ရောဂါကို ရှေ့တန်းမှရင်ဆိုင်နေသော ကျန်းမာရေးဝန်ထမ်းများ Jasmine Palace Hotel တွင် အခမဲ့ အနားယူနေထိုင်စားသောက်နိုင်ရန် ကူညီပံ့ပိုးလှူဒါန်း

ဒီဇင်ဘာ ၂၂

ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးတွင် ရှေ့တန်းမှ ဆောင်ရွက်နေကြသော ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း နေ့စဉ်အခမဲ့ အနားယူနေထိုင် စားသောက် နိုင်ရန်အတွက် ရန်ကုန်မြိုရှိ Jasmine Palace Hotel ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့ ဒီဇင်ဘာ ၂၁ ရက်က အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ကမ္ဘောဇဘဏ်၏ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ အခန်းပေါင်း ၂၀၀ ကျော် ပါဝင်သည့် Jasmine Palace Hotel ကို ကျန်းမာရေးဝန်ထမ်းများ COVID-19 ကာလအတွင်း အခမဲ့ အနားယူနေထိုင်နိုင်ရန်အတွက် တရားဝင်လွှဲပြောင်း ပေးအပ်လိုက်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်သည် အောက်တိုဘာလ ၂၀ ရက်မှ စတင်၍ Jasmine Palace Hotel တွင် COVID-19 ရောဂါကို ရှေ့တန်းမှ ရင်ဆိုင်ဆောင်ရွက်နေသည့် ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ သက်သောင့်သက်သာစွာ နေ့စဉ်အနားယူနေထိုင်နိုင်ရန် အခမဲ့ကူညီပံ့ပိုးလှူဒါန်းထားခြင်းဖြစ်သည်။ ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇညီနောင်ကုမ္ပဏီများသည် ဖေဖေါ်ဝါရီလ ၂၆ ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၁၁ ဒသမ ၂ ဘီလျံကျော် လှူဒါန်းထားရှိပြီးဖြစ်ကြောင်း သိရသည်။                                                                                                        

(WP)






အခြားဆက်စပ်သတင်းများ