နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝစေရန် စားသောက်ဖွယ်ရာများလှူဒါန်း

နေပြည်တော် ဒီဇင်ဘာ  ၂၂

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများအာဟာရပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာန ချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ဒီဇင်ဘာ ၂၁ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ဆေးရုံများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများကသွားရောက်၍ တပ်မတော်စက်ရုံအသီးသီးမှ ထုတ်လုပ် သောအာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာ များကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။                                                                        

(သူရိန်)






အခြားဆက်စပ်သတင်းများ