နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဝန်ဒေါစကီးရဲ့ဂိုးတွေနဲ့ ဇယားထိပ်က လီဗာကူဆင်ကို ဒုတိယနေရာပို့လိုက်တဲ့ ဘိုင်ယန်မြူးနစ်

ဒီဇင်ဘာ    ၂၂

ဘိုင်ယန်မြူးနစ်ရဲ့တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ခြေစွမ်းပြသွင်းဂိုး ၂ ဂိုးနဲ့အတူ ဘိုင်ယန်မြူးနစ်တို့ အဝေးကွင်းမှာ ဇယားထိပ်ဆုံးက လီဗာကူဆင်တို့ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် ရမှတ် ၃၀ နဲ့ အိမ်ရှင် တို့ကိုဒုတိယနေရာပို့လိုက်ပြီဖြစ်ပါတယ်။ ဦးဆောင်ဂိုးကို အရင်ရခဲ့တာကတော့ အိမ်ရှင်လီဗာကူဆင်တို့ဖြစ်ပြီး ပွဲချိန် ၁၄ မိနစ်မှာရရှိခဲ့တဲ့ ညာထောင့်ကန်ဘောကို တိုက်ရိုက်ကန်မတင်ပဲ တိုက်စစ်မှူးဘိုင်လီက အမ်မရီကိုချပေးရာမှာ တောင်ပံကနေဆွဲယူပြီး ၁၈ ကိုက်ထဲကို ခုတ်တင်ပေးရာမှတစ်ဆင့် တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်က မြေမကျ ဘယ်ခြေနဲ့ပတ်ကန်ပြီး နျူအာရဲ့ညာထောင့်ကျဉ်းထဲ ကန်သွင်းယူသွားခဲ့တာပါ။ ဘိုင်ယန်မြူးနစ်တို့အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၄၃ မိနစ်မှာ ညာခြမ်းကနေ သောမတ်စ်မူလာအပိုင် ဖြတ်ပို့လိုက်တဲ့ဘောလုံးက နောက်ခံလူရော ဂိုးသမားရောခုန်တားနေတဲ့ကြားက လွန်မြောက်သွားခဲ့ပြီးလီဝန်ဒေါစကီးရဲ့ခေါင်းပေါ်ကို အလောတော်အနေအထားနဲ့ ရောက်ရှိခဲ့ရာမှာ ဂိုးသမားမရှိတဲ့ဂိုးပေါက်ထဲကို အနိမ့်တိုက်ချက်နဲ့ တိုက်ပြီးအဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်တို့ ဦးဆောင်အနိုင် ဂိုးပြန်ရဖို့တော့ အတော်လေးရုန်းကန်ခဲ့ရပြီး ပွဲချိန် ၇၈ မိနစ်မှာ လူစားဝင်ဆယ်ကျော်သက် ကစားသမားလေးဖြစ်တဲ့ ၁၇ နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ဂျမေးလ်မူဆီယာလာ ၁၈ ကိုက်ထိပ်ကနေ ညာခြေနဲ့ အပိုင်ပွတ်ခဲ့သေးပေမဲ့ ဂိုးသမားရဲ့ ဘယ်ထောင့် တိုင်နဲ့ထိပြီးထွက်သွားခဲ့လို့ လီဗာကူဆင်တို့ ကံကောင်းတော့မယ်လို့  ထင်ခဲ့ရပါသေးတယ်။ ဒါပေမယ့်ပြန်ထွက်လာတဲ့ ဘောလုံးကို အသင့်ရှိနေတဲ့လီဝန်ဒေါစကီးကအပိုင်ပိတ်သွင်းနိုင်ခဲ့ပါတယ်။ ဒီပွဲက ဂိုး ၂ ဂိုးကြောင့် လီဝမ်ဒေါစကီးဟာ ယခုနှစ်ရာသီဘိုင်ယန်တို့ အတွက် ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ဂိုး၂၀ အထိသွင်းယူထားနိုင်ခဲ့ပြီး ဖန်တီးမှု ၅ ကြိမ်ပြု လုပ်နိုင်ထားနိုင်ခဲ့ပြီမို့  ၆၂ မိနစ်တိုင်းမှာ တစ်ဂိုးနှုန်းအထိ ပါဝင်ပတ်သက်ထားနိုင်တဲ့ထူးရှယ် စံချိန်ကို ရရှိပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်ပါတယ်။           
                                                                                           (SO)






အခြားဆက်စပ်သတင်းများ