နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးအထောက်အကူပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်ပျက်ကျခြင်းကို ဆိုမာလီနိုင်ငံ စုံစမ်းနေ

မေ ၆၊  မိုဒါဒစ်ရှူး

ကိုရိုနာဗိုင်းရပ်စ် တွန်းလှန်တိုက်ဖျက်ရေးအတွက် ကျန်းမာရေးအထောက်အကူပစ္စည်းများ တင်ဆောင် လာသည့် ကင်ညာလေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသူခြောက်ဦးလုံး သေဆုံးခဲ့သည့် ဖြစ်ရပ်ကို ဆိုမာလီနိုင်ငံက စုံစမ်းစစ်ဆေးနေသည်။
African Express လေကြောင်းလိုင်းမှပိုင်ဆိုင်သည့် လေယာဉ်မှာ ပြီးခဲ့သည့်တနင်္လာနေ့က ဘာဒဲလ်မြို့သို့ မဆင်းသက်မီ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

လေယာဉ်ပျက်ကျခြင်းအကြောင်းရင်းကို တိတိကျကျ မသိရသေးပေ။ သို့သော် ပစ်ချခံရခြင်းဖြစ်သည်ဆိုသော ကောလာဟလများလည်း ထွက်ပေါ်နေ သည်။
ဆိုမာလီနိုင်ငံ၏ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ရန် ယင်းတို့နိုင်ငံမှ စုံစမ်းစစ်ဆေးသူများကို ဖိတ်ခေါ် ထားသည်ဟု ကင်ညာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါလေယာဉ်ပေါ်တွင် ဆိုမာလီ နိုင်ငံသားလေးဦးနှင့် ကင်ညာနိုင်ငံသားနှစ်ဦး လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ဘာဒဲလ်မြို့တွင် အယ်လ်ရှာဘတ် လက်နက်ကိုင်အဖွဲ့ ရှိနေသော်လည်း မြို့နှင့် လေယာဉ်ကွင်းကို ဆိုမာလီအစိုးရစစ်သည်များနှင့် အီသီယိုးပီးယား စစ်သည်များက ထိန်းချုပ်ထားခြင်းဖြစ်သည်။ အီသီယိုးပီးယားစစ်သည်များမှာ အာဖရိကသမဂ္ဂတပ်ဖွဲ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆိုမာလီနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ