နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပထိပ်သီး ၅ လိဂ်သမိုင်းဝင် စံချိန်တင်အမြန်ဆုံးဂိုးကိုသွင်းခဲ့တဲ့ ရာဖယ်လ်လီယွန်

ဒီဇင်ဘာ  ၂၂

အေစီမီလန်နဲ့ဆော်ဆိုလိုတို့ရဲ့စီးရီးအေပွဲမှာ ပွဲအစဒိုင်လူကြီးက ဝီစီမှုတ်လိုက်ပြီဆိုတာနဲ့ ဟာကန်းချဲဟန်းနိုလူက ဘောလုံးကိုဆွဲယူပြေးပြီး ဆော်ဆိုလိုနောက်တန်းကိုဖွင့်ချခဲ့ပါတယ်။ သည့်နောက် လီယွန်ဆီကိုတိကျတဲ့ပေးပို့မှုနဲ့ ပေးပို့ခဲ့ပြီး ရာဖယ်ဘ်ဘီယွန်က ဂိုးသမားအန်ဒရီယာရဲ့ပိုက်ထဲကို အပြင်း ကန်သွင်းခဲ့ပါတယ်။ ရာဖယ်လ်လီယွန်ဟာ ပွဲအစ ၆ ဒသမ ၇ စက္ကန့်မှာတင် အဖွင့်ဂိုးသွင်းယူခဲ့ပြီး အေစီမီလန်တို့ကို ဇယားထိပ်မှာဆက်လက်ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒီဂိုးက ၂၀၀၁ တုန်းကပေါ့ဂ်ဂျီရဲ့ ၈ ဒသမ ၁ စက္ကန့်ဂိုးကိုကျော်လွန်ပြီး စီးရီးအေမှာအမြန်ဆုံးဂိုးဖြစ်ခဲ့ရုံသာမက ဥရောပထိပ်ဆုံး ၅ လိဂ်ရဲ့အမြန်ဆုံးဂိုးအဖြစ် သမိုင်းဝင်စံချိန်တင်ခဲ့ပါတယ်။ “ရာဖယ်လ်လီယွန်အဖွင့်ဂိုးသွင်းတဲ့အချိန် ငါတို့မှာ ကိုယ့်ဝတ်စုံတွေတောင် မချွတ်ကြရသေးဘူး” အေစီမီလန်တို့က တွစ်တာမှာ ဟာသတောင်လုပ်ခဲ့ပါတယ်။ တရားဝင် သတ်မှတ်ချက်အရ သူ့ဂိုးဟာ ၆ ဒသမ ၇ စက္ကန့်မှာ အတိအကျဂိုးဝင်တာဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး ဥရောပထိပ်သီးလိဂ် ၅ ခုမှာ အမြန်ဆုံးဂိုး တရားဝင်ဖြစ်လာကြောင့် မူလအမြန်ဆုံးဖြစ်တဲ့ ဟိုဆေးဘားလော်ရန်းတေး၊ (ဗယ်လာဒိုးလစ်)ရဲ့ ၇ ဒသမ ၃ စက္ကန့် ကိုကျော်ဖြတ်သွားခဲ့ပါပြီ။ အဆင့်၅အတွင်းက အခြားအမြန်ဆုံးဂိုးတွေကတော့ ဆီဒူ ကေးတာ( ဗလင်စီယာ) ၇ ဒသမ ၆ စက္ကန့်။ ရှိန်းလောင်း( ဆောက်သမ်ပ်တန်) ၇ ဒသမ ၇ စက္ကန့်။ မိုက်ကယ်ရီယို ( ကန်းန်) ၇ ဒသမ ၉ စက္ကန့်တို့ဖြစ်ပါတယ်။ သီယိုဟာ နန်ဒက်ဇ်ရဲ့ ဂါရတ်ဘေးလ်စတိုင်သယ်ပြေးပေးပို့မှုကနေ ဘယ်လ်ဂျီယမ်ကွင်းလယ်ကစားသမား အလက်ဆစ်ဆီးလ် မီကားစ်က ဒုတိယဂိုးကို ၂၆ မိနစ်မှာသွင်းယူခဲ့ပါတယ်။ အေစီမီလန်တို့ဟာ ဒါဘီပြိုင်ဘက်အင်တာတို့ထက် တစ်မှတ်အသာနဲ့ စီးရီးအေဇယားထိပ်မှာရပ်တည် နိုင်ခဲ့ပါတယ်။ ဆော်ဆိုလိုတို့ကတော့ ၂၀၁၆၊ မတ်နောက်ပိုင်း အေစီမီလန်ကို တစ်ပွဲမှမနိုင်သေးဘဲ ၇ ပွဲရှုံး၊ ၂ ပွဲသရေဖြစ်ခဲ့ပါတယ်။ ဇလာတန်ကတော့ ဒဏ်ရာကြောင့်မပါနိုင်ခဲ့ပြန်ပါဘူး။ ဒါပေမဲ့ပွဲစဉ် ၁၃ ပွဲအပြီးမှာ ရှုံးပွဲမရှိ၊ ၃၁ မှတ်နဲ့ ဇယားဦးဆောင်နေဆဲဖြစ်ပါတယ်။                                                                          

(SO)






အခြားဆက်စပ်သတင်းများ