နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရိုက်တန်အသင်းကွင်းလယ်ကစားသမားဘစ်ဆိုမာကိုခေါ်ယူရန် ရီးရဲလ်မက်ဒရစ် ပြင်ဆင်

ဒီဇင်ဘာ    ၂၂

ရီးရဲလ်မက်ဒရစ်အသင်းက ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်း ကွင်းလယ်ကစားသမား ဘစ်ဆိုမာကိုပြောင်းရွှေ့ကြေးစတာလင်ပေါင် ၃၆ သန်းဖြင့် ခေါ်ယူသွားရန် ပြင်ဆင်နေကြောင်းသိရသည်။

ဘစ်ဆိုမာသည် ၂၀၁၈ ခုနှစ်ကပြင်သစ်ကလပ် လိုင်လီအသင်းမှ ဘရိုက်တန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသောကြောင့် နည်းပြ ဂရေဟမ်ကယင်းကိုရာသီကုန်အထိ အသင်းတွင် ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိနေသည်။
ဘရိုက်တန်အသင်းနည်းပြ ဂရေဟမ်ကဘစ်ဆိုမာအား လက်လွှတ်ရမည်ကိုမစိုးရိမ်သော်လည်း လက်ရှိ ဘောလုံးရာသီ ကုန်သည်အထိ ဆက်လက်ထိန်းသိမ်းသွားရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် အသင်းကွင်းလယ်ပိုင်းကိုအင်အားဖြည့်တင်းရန် ပြင်ဆင် နေပြီး  မန်ယူအသင်းကွင်းလယ်ကစားသမားပေါ့ဂ်ဘာအား ခေါ်ယူမည့် အစီအစဉ်ကိုလက်လျှော့ခဲ့ကာ ဘစ်ဆိုမာကို ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။
အသက် ၂၄ နှစ်အရွယ်ရှိ ဘစ်ဆိုမာကိုရီးရဲလ်မက်ဒရစ်အသင်းအပြင် လီဗာပူးအသင်းနှင့် အာဆင်နယ် အသင်းတို့ကလည်းခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ