နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုနာကိုကမ်းခြေပတ်လမ်း လူသွားပလက်ဖေါင်းပေါ်မှာ ထာဝရထင်ကျန်ရစ်တော့မယ့် ရော်နယ်ဒိုရဲ့ခြေဖဝါး

ဒီဇင်ဘာ  ၂၂

ခြေဖဝါး အသက်၂၈ နှစ်နဲ့အထက် အသက်အရွယ်ရှိပြီးအောင်မြင်တဲ့ ကစားသမားဘဝကို တည်ဆောက်ထား နိုင်တဲ့ ဘောလုံးသမားတွေကို နှစ်စဉ်ရွေးချယ်ချီးမြှင့်တာဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ရွှေခြေထောက်(ခြေဖဝါး)ဆုလို့ခေါ်ရမဲ့ Golden Foot Award ပဲဖြစ်ပါတယ်။ ဒီဆုကိုမကြာမီမှာ အသက် ၃၆ နှစ်ပြည့်တော့မယ့် ရော်နယ်ဒို ဆွတ်ခူးကြောင်း ဒီဇင်ဘာ ၁ ရက်နေ့က ကြေညာခဲ့ပေမဲ့ ရော်နယ်ဒိုရဲ့တစ်ဦးချင်းထူးချွန်တံဆိပ် ကိုယခုမှလက်ခံရရှိခဲ့ပါတယ်။

 ရော်နယ်ဒိုက’’ကျနော်ဒီ Golden Foot Award ကိုဆွတ်ခူးနိုင်ခဲ့တာဂုဏ်ယူမိ ပါတယ်။
ဘောလုံးလောကရဲ့ သမိုင်းတစ်လျှောက်အမြဲတမ်းအတွက်အကောင်းဆုံးတွေဖြစ်ကြတဲ့ တချို့သော လက်ဂျန့်ကြီးတွေရဲ့ခြေရာတွေနဲ့အတူ မိုနာကိုကမ်းခြေကချန်ပီယံ လျှောက်လမ်းထက်မှာ ကျနော့်ခြေရာက ထာဝရရှိနေတော့မှာ ဖြစ်လို့လည်း ဂုဏ်ယူမိတာပါ။ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ကျနော့်ကို မဲပေးရွေးချယ် ပေးခဲ့ကြတာတွေအတွက် ကျနော်အဟုတ်ကိုရိုရိုကျိုးကျိုးနဲ့ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်”လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားကာကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာဒီဆုအတွက် နောက်ဆုံး ဖိုင်နယ်စာရင်းမှာ လီယွန်နယ်မက်ဆီ၊လီဝမ်ဒေါစကီး၊ချီလီနီ၊နေမာ၊ရာမို့စ်၊ အဂူရို၊ ပီကေး၊ ဆာလာ၊ ဗီဒယ် တို့နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရပြီးမှ မဲအများဆုံးနဲ့ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။ ခရစ်စတီယာ နိုရော်နယ်ဒို မတိုင်မီ ရှေ့မှာ ၁၇ ဦးအထိပေးအပ်ခဲ့ပြီးဖြစ်ကာ ဆုရခဲ့သူအားလုံးရဲ့ခြေရာတွေကို မိုနာကိုက ကမ်းခြေပတ်လမ်း လူသွားပလက်ဖောင်းပေါ်မှာ ဘောလုံးလောကရဲ့ football hall of fame walkway လျှောက်လမ်းအနေနဲ့            ထာဝရထားရှိသွားမှာလဲဖြစ်ပါတယ်။          
                                                                                             (SO)






အခြားဆက်စပ်သတင်းများ