နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငါးနှစ်အရွယ် ကလေးငယ်က SUV ကား ကိုယ်တိုင်မောင်းနှင်ခဲ့

မေ ၆၊  ဝါရှင်တန်

အမေရိကန်နိုင်ငံမှ ငါးနှစ်သားအရွယ် ကလေးငယ်က မိသားစု၏ကားကို ယူဆောင်မောင်းနှင်ခဲ့ရာ အဝေးပြေးလမ်းပေါ်ရောက်ချိန်မှသာ ယူတားပြည်နယ် ရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

SUV ကားတစ်စီးက အဝေးပြေးလမ်းပေါ်တွင် တစ်နာရီ မိုင် ၃၀ နှုန်းဖြင့် ကွေ့ကွေ့ကောက်ကောက် မောင်းနှင်ခဲ့ကြောင်း တွေ့ရ၍ လှည့်ကင်းအရာရှိက လမ်းဘေးကပ်ရပ်ခိုင်းခဲ့ရာ ကားသမားက ကားရပ်ပေးခဲ့သည် ဟု ဆိုသည်။ လှည့်ကင်းအရာရှိက အဆိုပါကားထံ လျှောက်လာခဲ့ရာ ကားမောင်းနေသူကို မြင်တွေ့ရ၍ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

မိခင်ဖြစ်သူက အမေရိကန်ဒေါ်လာ ၁၈၀၀၀၀ တန်သည့် လမ်ဘော်ဂီနီကားဝယ်ပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် စိတ်ဆိုးပြီး အိမ်မှထွက်လာခဲ့ခြင်းဟု ငါးနှစ်အရွယ် ကလေးငယ် အက်ဒရီယန်က ပြောသည်။ အက်ဒရီယန်က ကယ်လီဖိုးနီးယားပြည်နယ်တွင် လမ်ဘော်ဂီနီကား ဝယ်ယူရန် ထွက်လာခဲ့ခြင်းဟု ဆိုသည်။ သို့သော် ယင်း၏ ပိုက်ဆံအိတ်အတွင်း အမေရိကန်ဒေါ်လာသုံးဒေါ်လာသာ ရှိသည်။ အက်ဒရီယန်သည် မိသားစု၏ကားကို ငါးမိနစ်ကြာ မောင်းနှင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့၏ တားဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်တွင် ထိခိုက်ဒဏ်ရာ ရခဲ့သူ တစ်ဦးမျှ မရှိပေ။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မိဘများကို စွဲချက်တင်မည် ဟုတ်၊ မဟုတ်ဆိုခြင်းမှာ ဒေသခံရှေ့နေများအပေါ်  မူတည်သည်ဟု ဆိုသည်။ မိဘနှစ်ပါး အလုပ်သွားနေချိန်တွင် အစ်ကို၊ အစ်မများနှင့် ကျန်နေရစ်သည့် အက်ဒရီယန်က မည်သူမျှမသိအောင် အိမ်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။                         

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ