နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Geely Myanmar ၏ Geely Coolray မော်ဒယ်ပြည်တွင်းဈေးကွက်၌ စတင်မိတ်ဆက်

ရန်ကုန်    ဒီဇင်ဘာ     ၂၂

Geely Myanmar ၏ Meely Coolray မော်ဒယ်မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၂၁ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ Junction Square ပရိုမိုးရှင်းဧရိယာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Coolray သည်အဆင့်မြင့်နည်းပညာအလွန်ကောင်းမွန်သော စွမ်းဆောင်ရည်နှင့်နိုင်ငံတကာ ဈေးကွက်ကိုဦးတည်ထုတ်လုပ်ထားသည့် Geely ၏ Update မော်ဒယ်ဖြစ်သည်။

Coolrayသည် B-segment Modular Architecture (BMA)နည်းပညာနှင့်ဒီဇိုင်းကို အသုံးပြုထားပြီး Geely နှင့် Volvoတို့ပူးပေါင်းတီထွင်ထားသော နောက်ဆုံးပေါ်နှင့်အဆင့်မြင့်Powertrains များကိုအသုံးပြုထား ခြင်းဖြစ်သည်။

ထို့အပြင်စွမ်းဆောင်ရည်မြင့်မားသော 1.5TD အင်ဂျင်ကို အသုံးပြုထားပြီး 130KW ပါဝါနှင့်ရုန်းအား 255N.m ကို ထုတ်ပေးနိုင်စွမ်းရှိသည်။ 0-100 ကီလိုမီတာကိုအချိန် ၇ ဒသမ ၉ စက္ကန့်အတွင်း အရှိန်မြှင့်တင်နိုင်သော အင်ဂျင်သည် ယင်း၏ အမျိုးအစားတူကားများထဲတွင် ထိပ်တန်းစွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားကြောင်း သိရသည်။

Coolray သည်မြန်မာနိုင်ငံမှကားချစ်သူများအတွက် အရည်အသွေးမြင့်ကားတစ်စီးအဖြစ် ကားဈေးကွက် ထဲသို့ရောက်ရှိလာခြင်းဖြစ်သည့်အပြင် တရုတ်၊ ရုရှား၊ ဘီလာရုစ်၊ ဆော်ဒီအာရေဗျ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကူဝိတ်၊ ကာတာ စသည့်နိုင်ငံတို့တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တစ်လလျှင်စီးရေ ၁၀ဝ၀ဝ ကျော်ရောင်းချလျက်ရှိပြီး နိုင်ငံတကာဈေးကွက်တွင် လူကြိုက်များကာ ၂ နှစ်အတွင်း စုစုပေါင်းရောင်းအား ၂၇၀ဝ၀ဝ ကျော်ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။                        

AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ