နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဲတင်ယာဉ်နောက်ဆုပ်ရာဘရိတ်မမိဘဲ လူနေအိမ်တိုက်မိတိမ်းမှောက် ၂ ဦး သေဆုံး ၂ ဦးဒဏ်ရာရ

မန္တလေး   ဒီဇင်ဘာ    ၂၂

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ကမ်းနားလမ်းအတိုင်းမောင်းနှင်လာသော အဖြူရောင်(၆)ဘီး               သဲတင်ယာဉ်သည် ဒီဇင်ဘာ ၂၁ ရက်၊ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က တဝဂူဘုရားတောင်ဘက် မြစ်ဆိပ်ဆင်းလမ်း အရောက်တွင် ယာဉ်အားနောက်ဆုပ်ရာဘရိတ်မမိတော့ဘဲ လမ်းဘေးရှိလူနေအိမ်အားတိုက်မိ၍ တိမ်းမှောက်မှု ဖြစ်ပွားပြီး နေအိမ်အတွင်းရှိ မိသားစုဝင်အမျိုးသမီးတစ်ဦး၊ အမျိုးသားသုံးဦးတို့သည်။ သဲများပိနေသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ရာ နံနက် ၇ နာရီတွင် ကယ်ထုတ်နိုင်ခဲ့ပြီး မဟာလူမှုကယ်ဆယ်ရေးယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ ဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးဒဏ်ရာရရှိပြီး အမျိုးသားနှစ်ဦးသေဆုံးခဲ့သည်။ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ အမှတ်(၇)နယ်မြေရဲစခန်းမှ စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။        
                                       မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ