နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်သစ်ကူးအကြို ကျုံးပတ်လည်အပန်းဖြေအနားယူခြင်း လမ်းလျှောက်ခြင်း၊ အားကစားပြုလုပ်ခြင်းတားမြစ်

မန္တလေး    ဒီဇင်ဘာ    ၂၂

 ကိုဗစ်-၁၉ရောဂါသည် လူစုလူဝေးများမှတစ်ဆင့်လျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်သဖြင့် နှစ်သစ်ကူး အကြို အောင်မြေသာစံမြို့နယ်အတွင်းရှိ ကျုံးပတ်လည်တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ အပန်းဖြေ အနားယူခြင်း၊ လမ်းလျှောက်ခြင်း၊ ကိုယ်ကာယအားကစားပြုလုပ်ခြင်း၊ လူစုလူဝေးများလုံးဝမပြုလုပ်ရန်နှင့်    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များအား အလေးထားလိုက်နာရန် အောင်မြေသာစံမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီကအသိပေးထားသည်။

မန္တလေးမြို့တွင် ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ အသွားအလာကန့်သတ်မှုများဖြေလျှော့ပေးခဲ့သော် လည်း ဒီဇင်ဘာ ၂၁ ရက်တွင် မန္တလေးခရိုင်အတွင်း ချမ်းမြသာစည်မြို့နယ်တွင် ပိုးတွေ့လူနာ ၄၂ ဦး၊ အောင်မြေသာစံမြို့နယ်တွင် ပိုးတွေ့လူနာ ၃၂ ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် ပိုးတွေ့လူနာ ၂၄ ဦး၊ မဟာအောင်မြေမြို့နယ်တွင် ပိုးတွေ့လူနာ ၃၅ ဦး၊ အမရပူရမြို့နယ်တွင် ပိုးတွေ့လူနာ ၂၂ ဦး၊ ပြည်ကြီးတံခွန် မြို့နယ်တွင် ပိုးတွေ့လူနာ ၁၅ ဦးနှင့်ပုသိမ်ကြီးမြို့နယ်တွင် ပိုးတွေ့လူနာ ၃ ဦးစုစုပေါင်း ၁၇၄ ဦးပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။        

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ