နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ဖြူတော်၏ ကိုရိုနာဗိုင်းရပ်စ် တွန်းလှန်တိုက်ဖျက်ရေးတပ်ဖွဲ့ကို ဖျက်သိမ်းမည်ဟု ဒေါ်နယ်ထရမ့် ဆို

မေ ၆၊  ါရှင်တန်

အိမ်ဖြူတော်၏ ကိုရိုနာဗိုင်းရပ်စ် တွန်းလှန်တိုက်ဖျက်ရေးတပ်ဖွဲ့ကို ဖျက်သိမ်းသွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့သည်။
အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းရှိနေပြီး လူ ၇၀၀၀၀ ကျော် သေဆုံး ခဲ့သည်။ တစ်ရက်လျှင် ရောဂါကူးစက်ခံရသူ ၂၀၀၀၀ ကျော်ရှိနေပြီး လူ ၁၀၀၀ ကျော် သေဆုံးလျက်ရှိသည်။ အမေရိကန်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပါက ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်သည်ဟု အမေရိကန်ကျန်းမာရေးအရာရှိများက သတိပေးထားသည်။

အရီဇိုးနားပြည်နယ်ရှိ နှာခေါင်းစည်းထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်ချိန်တွင် ဒေါ်နယ်ထရမ့်က '' မိုက်ပန့်စ်နဲ့ ကိုရိုနာဗိုင်းရပ်စ် တွန်းလှန်တိုက်ဖျက်ရေးတပ်ဖွဲ့က အံ့မခန်းစွမ်းဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ပုံစံသစ်တစ်မျိုး ဖော်ဆောင်ရမယ်။ စီးပွားရေးလုပ်ငန်းတွေကို ဘေးကင်းလုံခြုံစွာ ဖွင့်လှစ်နိုင် တဲ့ ပုံစံမျိုးပေါ့။ အဲဒီအတွက် တခြားအဖွဲ့တစ်ခုဖွဲ့စည်းကောင်း ဖွဲ့စည်းရမှာပါ။ ကျွန်တော်တို့နိုင်ငံကို ပြန်လည်ရှင်သန် ထမြောက်အောင် လုပ်ဆောင်နေပါတယ်'' ဟု ပြောသည်။ အိမ်ဖြူတော်၏ ကိုရိုနာဗိုင်းရပ်စ် တွန်းလှန် တိုက်ဖျက်ရေး တပ်ဖွဲ့ကို လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ဖျက်သိမ်းသွားဖွယ်ရှိသည်ဟု ဒုတိယသမ္မတ မိုက်ပန့်စ်က ခန့်မှန်းထားသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ