နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထားကြောင်း ဗင်နီဇွဲလားသမ္မတ ကြေညာ

မေ ၆၊  ကာရာကက်စ်

ယင်းကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဗင်နီဇွဲလားသမ္မတ မာဒူရိုက ပြောသည်။
ယင်းတို့နှစ်ဦးမှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့က လက်နက်များကိုင်ဆောင်၍ ပင်လယ်ပြင်တွင် ကျူးကျော် ခဲ့ကြသည့် ကြေးစားစစ်သည်များအဖွဲ့မှဖြစ်သည်ဟု မာဒူရိုက ပြောသည်။ မာဒူရိုသည် အမေရိကန်နိုင်ငံက ယင်းကို သမ္မတရာထူးမှ ဖြုတ်ချရန် ကြိုးပမ်းနေသည်ဟု မကြာခဏ စွပ်စွဲခဲ့ဖူးသည်။

သို့သော် ဗင်နီဇွဲလားနိုင်ငံတွင် ကြုံတွေ့နေရသည့်အခြေအနေမှာ အမေရိကန်အစိုးရနှင့် လုံးဝသက်ဆိုင်ခြင်း မရှိဟု ပြီးခဲ့သည့်အင်္ဂါနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အာဏာသိမ်းရန် ကြိုးပမ်းသည်ဆိုသော ဖြစ်ရပ်ကို တားဆီးဟန့်တားရာတွင် လက်နက်ကိုင် ကြေးစားစစ်သည် ရှစ်ဦးကို အသေဖမ်းဆီးနိုင်ခဲ့ကြောင်း ဗင်နီဇွဲလားအာဏာပိုင်များက ပြောသည်။ ပြီးခဲ့သည့် တနင်္လာနေ့က တိုက်ရိုက်ထုတ်လွှင့်ပြသမှုတွင် ဖလော်ရီဒါပြည်နယ်အခြေစိုက် လုံခြုံရေးကုမ္ပဏီအတွက် အလုပ်လုပ်သည့် အမေရိကန်နိုင်ငံသား အိုင်ရန်ဘာရီနှင့် လုခ်ဒန်းမန်းတို့၏ နိုင်ငံကူးလက်မှတ်များကို ဖော်ပြခဲ့သည်။ ယင်းတို့ နှစ်ဦးမှာ အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဗင်နီဇွဲလားစစ်တပ်မှ ထိပ်တန်းတပ်မှူးတစ်ဦးက ပြောသည်။                                  

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ