နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်နီးနားချင်း သားအမိကို ပစ်သတ်မှုဖြင့် ဖိလစ်ပိုင်ရဲအရာရှိကို ဖမ်းဆီးစွဲချက်တင်

မနီလာ    ဒီဇင်ဘာ    ၂၂


ဖိလစ်ပိုင်နိုင်ငံမှ ရဲအရာရှိတစ်ဦးမှာ အိမ်နီးချင်းသားအမိနှစ်ဦးနှင့် ပြဿနာဖြစ်ပွားခဲ့ပြီး လူသတ်မှုနှစ်ခုဖြင့် စွဲချက်တင် ဖမ်းဆီးခံထားရသည်။ အသက် ၅၂ နှစ်အရွယ်အမျိုးသမီး ဆွန်ညာနှင့် အသက် ၂၅ နှစ်အရွယ် သားဖြစ်သူ ဖရန့်တို့ကို ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီးနောက် ရဲအရာရှိ နူအက်ဇ်ကာမှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သည်။


တာလက်မြို့တွင် တာဝန်ချိန်ပြင်ပ ရဲအရာရှိ နူအက်ကာက ဆွန်ညာကို ဖမ်းဆီးရန် ကြိုးပမ်းနေစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ အစောပိုင်း ထွက်ပေါ်ခဲ့သည့် သတင်းများအရ ဆွန်ညာက ပီဗီစီပိုက်ဖြင့် ပြုလုပ်ထား သည့် ကော်အမြောက်ကို ပစ်ခတ်ခဲ့၍ ပတ်ဝန်းကျင် ဆူညံသွားခဲ့ပြီးနောက် အချင်းများခဲ့သည်ဟု ဆိုသည်။


ကော်အမြောက် ပစ်ခတ်မှုကြောင့် အချင်းများရာမှတစ်ဆင့် မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့ကြသည်ဟု ဆိုသည်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုအရ ရဲအရာရှိ နူအက်ကာက သားဖြစ်သူ ဖရန့်ကို ဖမ်းခေါ်မသွား နိုင်စေရန် ဆွန်ညာက ဖက်ထားရာ နူအက်ကာက ဆွန်ညာ၏ ခေါင်းကို သေနတ်ဖြင့် ပစ်ခဲ့ပြီး ဖရန့်ကိုလည်း သေနတ်ဖြင့် ပစ်ခဲ့သည်။


ဆွန်ညာက မြေပေါ်လဲနေစဉ် ရဲအရာရှိ နူအက်ကာက သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း တွေ့ရသည်။ အဆိုပါဖြစ်ရပ်ကြောင့် နာကြည်းခံပြင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ရန် တောင်းဆိုမှုများ တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ နူအက်ကာက လူသိရှင်ကြား မှတ်ချက်ပေးခြင်းမရှိသေးပေ။                                      


KNT






အခြားဆက်စပ်သတင်းများ