နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူကလီးယားစွမ်းအင်သုံး အမေရိကန်ရေငုပ်သင်္ဘောက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း

တီဟီရန်   ဒီဇင်ဘာ  ၂၂


အီရန်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် အမေရိကန်ရေတပ်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော (USS Georgia)က အမေရိကန်စစ်သင်္ဘောနှစ်စင်းခြံရံပြီး ပြီးခဲ့သည့် တနင်္လာနေ့က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့သည်ဟု အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။


နျူကလီးယားစွမ်းအင် အသုံးပြုပြီး ချိန်ကိုက်ဒုံးကျည် တပ်ဆင်ထားသည့် Ohio အမျိုးအစား USS Georgia (SSGN 729) ရေငုပ်သင်္ဘောမှာ ချိန်ကိုက်ဒုံးကျည်တပ် ခရုဇာစစ်သင်္ဘောများဖြစ်သည့် USS Port Royal (CG 73) ၊ USS Philippine Sea (CG 58) တို့ ခြံရံပြီး ဒီဇင်ဘာလ ၂၁ ရက်က ဟော်မုဇ်ရေလက်ကြားမှ ပါရှန်းပင်လယ်ကွေ့ထဲသို့ ဝင်ရောက်ခဲ့ခြင်းဟု အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။


ပြီးခဲ့သည့်တနင်္ဂနွေနေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးဝန်းသို့ အမြောက်ဆန်ရှစ်စင်း ကျရောက်ခဲ့သည့် တိုက်ခိုက်မှုမှာ အီရန်နိုင်ငံ ထောက်ပံ့ပေးထားသည့် ပြည်သူ့စစ်တပ်ဖွဲ့၏ လက်ချက်ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက စွပ်စွဲခဲ့သည်။ သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မိုက်ပွမ်ပီယို၏ ပြောကြားချက်ကို ရှုတ်ချခဲ့ပြီး ဘဂ္ဂဒက်မြို့ International Zone ထဲတွင် အီရန်သံရုံးလည်း ရှိသည်ဟု ထောက်ပြခဲ့သည်။


အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး ဆိုလေမာနီ လုပ်ကြံသတ်ဖြတ်ခံရသည့် တစ်နှစ်ပြည့်အထိမ်းအမှတ်တွင် အီရန်နိုင်ငံက အမေရိကန်နိုင်ငံကို ပစ်ခတ်တိုက်ခိုက်လာနိုင်သည်ဟု အမေရိကန်အရာရှိတချို့က စိုးရိမ်ပူပန်နေကြသည်။                      


KNT






အခြားဆက်စပ်သတင်းများ