နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့သည့် ဟူပေပြည်နယ်မှာ ကျောင်းပြန်တက်ကြပြီ

မေ  ၆၊  ဘေဂျင်း

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့သည့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် ပထမ အသုတ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်တက်နေပြီဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

တက္ကသိုလ်ဝင်တန်း(Grade 12) နှင့် အဋ္ဌမတန်း(Grade 9) ကျောင်းသားကျောင်းသူများမှာ ပထမဆုံး အသုတ် ကျောင်းပြန်တက်မည့်သူများဖြစ်သည်။ ယင်းတို့မှာ လာမည့်နွေရာသီတွင် အရေးကြီးသည့် စာမေးပွဲများ ဖြေဆိုရမည်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းများမှာ လာမည့်ဇူလိုင်လတွင် ‌ကောလိပ်ဝင်ခွင့်စာမေးပွဲ(Gaokao) ဖြေဆိုရမည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ အခြားဒေသများရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူအများစုမှာ ပြီးခဲ့သည့် မတ်လကတည်းက ကျောင်းပြန်တက်နေကြခြင်းဖြစ်သည်။ ဟူပေပြည်နယ်ရှိ ကျောင်းသားကျောင်းသူအားလုံး ကျောင်းပြန်မတက်မီ ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စစ်ဆေးမှုခံယူရမှာဖြစ်ပြီး ကျောင်းကန်တင်းတွင်လည်း အကန့် များ ပိုင်းခြားကာ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေနိုင်အောင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။          

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ