နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရက်ကွက်များသို့ Mobile Market စျေးကားများဖြင့် လိုက်လံရောင်းချ

ရန်ကုန်   ဒီဇင်ဘာ   ၂၁


       ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုအရ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှကြီးမှူးရျ် ညီနောင်လုပ်ငန်းရှင်အသင်းများမှ Mobile Market စျေးကားများဖြင့်  ယနေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်

ကျန်စစ်သားလမ်းရှိ တက္ကသိုလ်ရိပ်မွန်အိမ်ရာ နှင့် (၅) ရပ်ကွက် မင်းရဲကျော်စွာ လမ်း နှင့် ရတနာလမ်းထိပ်

သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှညွှန်ကြား ချက်များနှင့်အညီ အဆင်ပြေစွာ ဝယ်ယူ/ရောင်းချ နိုင်ရန်အတွက်  မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊အတွင်းရေးမှူး နှင့် မြို့နယ်စည်ပင်သာယာဝန်ထမ်းတို့မှကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ယနေ့ရောင်းချသောဈေးကားများတွင်စားသောက် ကုန်များဖြစ်သည့် ကြက်သား၊ ဆိတ်သား၊ အမဲသား၊ ဝက်သား၊ ကြက်ဥ ဘဲဥ ငုံးဥ ၊အသင့်ထုတ်ပိုးပြီရေချို/ ရေငန် ငါးပုဇွန်အမျိုးမျိုး၊ဟင်းသီးဟင်းရွက်နှင့်စားသုံးဆီများပါဝင်သော ကား(၇) စီးတို့ဖြင့်လူတန်းစား မရွေးလက်လီရောင်းချပေးခဲ့ကြောင်းသိရသည်။ 



မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ