နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID - 19 ကပ်ရောဂါကာလအတွင်းပြည်သူများဈေးဝယ်ယူရန်အဆင်ပြေစေရေးအတွက် Mobile Market ရွေ့လျားဈေးကားများဖြင့်သန့်ရှင်းလတ်ဆတ်သောသား / ငါးနှင့်ကုန်ပစ္စည်းများအားသင်္ဃန်းကျွန်းမြို့နယ်အတွင်းလှည့်လည်ရောင်းချ ပေး

 ရန်ကုန် ဒီဇင်ဘာ ၂၁ 


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်ညီနောင်အသင်းလုပ်ငန်းရှင်များပူးပေါင်း၍COVID - 19 ကာလအတွင်းပြည်သူများဝေလံသောဈေးများသို့သွားရောက်ဝယ်ယူရန်မလိုဘဲCOVID - 19 ကပ်ရောဂါအထိုက်အလျောက်ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက်သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများအားမြို့နယ်အရောက် Mobile Market ရွေ့လျားဈေးကားကိုးစီးဖြင့်ယနေ့နံနင်၇နာရီကသင်္ဃန်ကျွန်းမြို့နယ်(ဂ)(ဃ)ရပ်ကွက်လွတ်လပ်ရေးလမ်းရှိM3ကျောင်းရှေ့၌လည်းကောင်း(က)ရပ်ကွက်ဇေယျသုခလမ်းတစ်လျှောက်၌လည်းကောင်းမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးတို့မှတာဝန်ရှိသူများကအနီးကပ်ကြီးကြပ်ကာစနစ်တကျရောင်းချပေးခဲ့ကြောင်းသိရသင်္ည။ 

ယ‌နေ့ရောင်း ချပေးသောဈေးကားများတွင် ကြက်သား ဝက်သား အမဲသား ဆိတ်သား အသင့်ထုတ်ပိုးပြီးငါးပုဇွန်အမျိူးမျိူး ဟင်းသီးဟင်းရွက် စားသောက်ကုန်ခြောက်နှင့်စားသုံးဆီများပါဝင်ပြီးလူတန်းစားမရွေးလက်လီရောင်းချပေးခဲ့ကြောင်းသိရသည်။


 အဆိုပါ COVID - 19 ကပ်ရောဂါအထိုက်အလျောက်ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက်Mobile Market ရွေ့လျားဈေးကားများဖြင့်စက်တင်ဘာ၂၆ရက်နေ့မှစတင်၍မြို့နယ်အရောက်သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများအားလှည့်လည်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။


အောင်မြင့်ဌေး(မြို့တော်သတင်း)








အခြားဆက်စပ်သတင်းများ