နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်ပြည်သူများဈေးဝယ်ယူရန်အဆင်ပြေစေရေးအတွက် Mobile Market ရွေ့လျားဈေးကားများဖြင့်COVID - 19 ကပ်ရောဂါကာလအတွင်းသန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများလှည်လည်ရောင်းချ ပေး

ရန်ကုန် ဒီဇင်ဘာ ၂၁


COVID - 19 ကပ်ရောဂါကာလအတွင်းပြည်သူများဝေးလံသောဈေးများသို့သွားရောက်ဝယ်ယူရန်မလိုဘဲCOVID - 19 ကပ်ရောဂါအထိုက်အလျောက်ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်ညီနောင်အသင်းလုပ်ငန်းရှင်များပူးပေါင်း၍ သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများအားမြို့နယ်အရောက် Mobile  Market ရွေ့လျားဈေးကားကိုးစီးဖြင့်ယနေ့နံနက်၇နာရီကတောင်ဥက္ကလာပမြို့နယ်အမှတ်(၁၀)ရပ်ကွက်ရှိအ သ က လမ်း၌လည်းကောင်းအမှတ်(၆)ရပ်ကွက်ဟံသာဝတီလမ်းဟံသာဝတီအိမ်ရာ၌လည်းကောင်းမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင်မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးတို့မှတာဝန်ရှိသူများကကြီးကြပ်ကာစနစ်တကျရောင်းချပေးခဲ့ကြောင်းသိရသည်။ 

ယနေ့ရောင်းချပေးသောဈေးကားများတွင်စားသောက်ကုန်များဖြစ်သည့်ကြက်သား ဝက်သား အမဲသား ဆိတ်သား ကြက်ဥဘဲဥငုံးဥ အသင့်ထုတ်ပိုးပြီးငါးပုဇွန်အမျိုးမျိုး ဟင်းသီးဟင်းရွက်နှင့်စားသုံးဆီ ကုန်ခြောက်ပစ္စည်းများအပါအဝင်လူတန်းစားမရွေးလက်လီရောင်းချပေးခဲ့ကြောင်းသိရသည်။ 

အဆိုပါ COVID - 19 ကပ်ရောဂါအထိုက်အလျောက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mobile Market ရွေ့လျားဈေးကားများဖြင့်စက်တင်ဘာ၂၆ရက်နေမှစတင်ကာမြို့နယ် / ရပ်ကွက်အရောက်သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများလှည့်လည်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ 


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ