နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Mobile Marker ရွေ့လျားဈေးကားများဖြင့်သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများအားမင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းလှည့်လည်ရောင်းချပေး

ရန်ကုန် ဒီဇင်ဘာ ၂၁

ယခုအခါပြည်သူများCOVID - 19 ကပ်ရောဂါကာလအတွင်းဝေးလံသောဈေးများသို့သွားရောက်ဝယ်ယူရန်မလိုဘဲCOVID - 19 ကပ်ရောဂါအထိုက်အလျောက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလပ်ငန်းရှင်များနှင့်ညီနောင်အသင်းလုပ်ငန်းရှင်များပူးပေါင်း၍မြို့နယ်အရောက်သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများအားယနေ့နံနက်၇နာရီကမင်္ဂလာတောင်ညွန့်မြို့နယ်ဒေါ်သိန်းတင်လမ်းနှင့်(၉၁)လမ်းထိပ်၌လည်ကောင်းမြန်မာ့ဂုဏ်ရည်လမ်းနှင့်မန္တလေးလမ်းထိပ်၌လည်းကောင်းမြို့နယ်စည်ပင်သာအုပ်ချုပ်ရေးမှူးရုံးနှင့်မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးတို့မှတာဝန်ရှိသူများကအနီးကပ်ကြီးကြပ်ကာစနစ်တကျရောင်းချပေးခဲ့ကြောင်းသိရသည်။

ယနေ့ရောင်းချပေးသောဈေးကားများတွင်စားသောက်ကုန်များဖြစ်သည့် ကြက်သား ဝက်သား အမဲသား ဆိတ်သား အသင့်ထုတ်ပိုးပြီးငါးပုဇွန်အမျိုးမျိုး ဟင်းသီးဟင်းရွက် ကုန်ခြောက်ပစ္စည်းနှင့်စားသုံးဆီများပါဝင်ပြီးလူတန်းစားမရွေးလက်လီရောင်းချပေးခဲ့ကြောင်းသိရသညိ။ 

အဆိူပါCOVID - 19 ကပ်ရောဂါကာလအတွင်းပြည်သူများဈေးဝယ်ရန်အဆင်ပြေစေရေးအတွက်Mobile Market ရွေ့လျားဈေးကားများဖြင့်စက်တင် ဘာ၂၆ရက်နေ့မှစတင်၍သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်ကုန်ပစ္စည်းများအားမြို့နယ်အရောက်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ