နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၃၂)ကြိမ်မြောက် ရန်ကုန်-စင်ကာပူ-ရန်ကုန် Relief Flight ကို ဒီဇင်ဘာ ၂၄ ရက်တွင် ထပ်မံပြေးဆွဲပေးမည်

ရန်ကုန်    ဒီဇင်ဘာ    ၂၁


မြန်မာအမျိုးသားလေကြောင်း(MNA)အနေနှင့် ယခု COVID-19 ရောဂါ ကူးစက်ကာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် စင်ကာပူနိုင်ငံအကြားကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)များကို ဒီဇင်ဘာ ၂၄ ရက် တွင် ထပ်မံပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-စင်ကာပူ၊ စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များထပ်မံပျံသန်းပြေးဆွဲရန် စီစဉ် ထားခြင်းဖြစ်ပြီး နေရပ်သို့ပြန်လိုကြသော မြန်မာနိုင်ငံသားများနှင့် စင်ကာပူနိုင်ငံသို့ အရေးကြီးကိစ္စရပ်များဖြင့် သွားရောက်လိုသူများအတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ (၃၂)ကြိမ်မြောက် ရန်ကုန်-စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်အား ပျံသန်းပြေးဆွဲရန် စီစဉ်ရခြင်းဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်း(MNA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်-စင်ကာပူ Relief Flight သည် ဒီဇင်ဘာ ၂၄ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီးစင်ကာပူ-ရန်ကုန် Relief Flight မှာလည်း ဒီဇင်ဘာ ၂၄ ရက်၊ ညနေ ၃ နာရီ ၃၀ မိနစ်တွင်စင်ကာပူနိုင်ငံမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ အဆိုပါ Relief Flight များတွင် သက်ဆိုင်ရာအာဏာပိုင်များကစစ်ဆေးဆောင်ရွက်ပြီးခွင့်ပြုသူများကိုသာကန့်သတ်ထားသောခရီးသည်အရေအတွက်အတိုင်းလိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

ထိုကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် မြန်မာအမျိုးသားလေကြောင်း(MNA)နှင့်အတူ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးနှင့် ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးတို့မှလည်းပူးပေါင်းကူညီဆောင်ရွက်ကြ ကြောင်း၊ ထို့အပြင် မြန်မာအမျိုးသားလေကြောင်းမှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ် များအတွက်လည်းသက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ်မံ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။               ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ