နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေဆောင်ကမ်းခြေချစ်သူများကျွန်းတွင် လူနှစ်ဦးရေဆင်းကူးရာမှ ရေနစ်သေဆုံး

ငွေဆောင်    ဒီဇင်ဘာ    ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေရှိချစ်သူများကျွန်းတွင် ဒီဇင်ဘာ ၁၉ ရက်၊ ညနေ ၅ နာရီ ၄၀ ချိန်က အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် သေဆုံးသူနှစ်ဦးသည် ပုသိမ်မြို့မှ အလုပ်ကိစ္စဖြင့် လာရောက်ကြောင်းသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာများဖြင့်ငွေဆောင်မြို့သို့ ရောက်ရှိခဲ့ပြီးချစ်သူများကျွန်းတွင်ရေဆင်းကူးရာမှရေနစ်သေဆုံးခြင်းဖြစ်သည်။ သေဆုံးသူနှစ်ဦးမှာ ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက်၊ ရှင်ပင်ဘုန်းပွင့်လမ်း၌ နေထိုင်သော မကြင်ရွှေ(ဘ)ဦးအေးငွေ အသက်(၂၃)နှစ်နှင့် ပုသိမ်မြို့အမှတ်(၆)ရပ်ကွက်တွင်နေထိုင်သော ကိုအောင်ထွန်းလင်း(ဘ)ဦးကျင်စွမ်း အသက်(၂၅)နှစ်ဖြစ်ကြောင်း သိရသည်။ သေဆုံးသူနှစ်ဦးတွင် မကြင်ရွှေ၏ရုပ်အလောင်းကို ဒီဇင်ဘာ ၁၉ ရက်၊ ည ၆ နာရီ၅၀ချိန်တွင် ဆယ်ယူနိုင်ခဲ့ပြီး ကိုအောင်ထွန်းလင်း၏ ရုပ်အလောင်းအား ဒီဇင်ဘာ ၂၀ ရက်၊ နံနက် ၆ နာရီ ၃၀ ချိန်တွင် ချစ်သူများကျွန်းအနီးရှိသောင်ပြင်တွင်ပြန်လည်တွေ့ရှိကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ငွေဆောင်နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၅/၂၀၂၀)၊ (၁၆/၂၀၂၀)တို့ဖြင့် အမှုဖွင့်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ငွေဆောင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။              


မူမူသွင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ