နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာန်အောင်မြို့နယ် လူထုဗဟိုပြုစီမံကိန်းကျေးရွာအုပ်စု စီမံကိန်းမိတ်ဆက်၊ စုရပ် ၆ နေရာတွင် ဆောင်ရွက်

 မာန်အောင်    ဒီဇင်ဘာ    ၂၁


မာန်အောင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် လူထုဗဟိုပြုစီမံကိန်း   CDD ကျေးရွာအုပ်စုအဆင့် စီမံကိန်းမိတ်ဆက်ခြင်း အခမ်းအနားကို မာန်အောင်မြို့နယ်ရှိ စုရပ် ၆ နေရာသတ်မှတ် ကာ ဒီဇင်ဘာ ၂၀ ရက်က ဆောင်ရွက်ခဲ့သည်။ အခမ်းအနားကို မာန်အောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းတာဝန်ခံနှင့် ကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက်ကြ ပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမောင်မောင်လွင်က အမှာစကားပြောကြားသည်။ စီမံကိန်းတာဝန်ခံ ဒေါ်ခင်မာဝင်း (ဦးစီးအရာရှိ)က စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်းရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။

မာန်အောင်မြို့နယ် လူထုဗဟိုပြုစီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၆ အုပ်စု၊ အုပ်စုကျေးရွာ ၁၃၆ ရွာတွင် ၄ နှစ်ဆက်တိုက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာနေပြည်သူလူထုများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ထောင့်စုံဘက်စုံမှ တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။              


အောင်လှဖြူ(ရမ်းဗြဲ)






အခြားဆက်စပ်သတင်းများ