နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါအထွက်များ ဈေးကောင်းရရှိ

ရေနံချောင်း    ဒီဇင်ဘာ    ၂၁


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်မှ ထွက်ရှိသည့် ဝါများလှိုင်လှိုင်အသစ်ပေါ်လျက်ရှိရာ ယခင်နှစ် ထက် ဝါဈေးကောင်းရနေကြောင်း သိရသည်။

ရေနံချောင်းမြို့နယ် ရုံးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ တောင်သူတစ်ဦးဖြစ်သူ ဦးသိန်းထိုက်က "ကျွန်တော်တို့ ကျေးရွာအုပ်စုမှာ ဝါတွေအသစ်ပေါ်နေတဲ့အပြင် ဝါတစ်ပိဿာလျှင် ၁၄၅၀ ကျပ်ရောင်းရတယ်။ ယခင်နှစ်ကာလတူမှာ ဝါတစ်ပိဿာ ၂၅၀ ကျပ်ရောင်းရတယ်ဟု ပြောသည်။

ရေနံချောင်းမြို့နယ်တွင် ဝါကို ငွေချည် ၆ ဝါ၊ ရွှေတောင် ၁ ဝါကို စိုက်ကြပြီး ယခင်နှစ်တွင် ဝါအထွက်နှုန်း မှာ ၄၀၀ ပိဿာထွက်ရှိသော်လည်း ယခုနှစ်တွင် မိုးနှောင်းမှာ မိုးရွာသွန်းမှုမရှိ(မိုးလို)ခဲ့သောကြောင့် ဝါအထွက် နှုန်း ၃၅၀ ပိဿာထွက်ရှိခဲ့ကြောင်း ဒေသခံတောင်သူများထံက သိရသည်။

ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူ တစ်ဦးက စက်မှုကုန်ကြမ်းချည်မျှင်ရှည်ဝါတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူကွင်းသရုပ်ပြပညာပေး ၅ ဧကဆောင်ရွက်ထား ရှိမှု တောင်သူများစိတ်ဝင်စားမှုရှိခဲ့ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာပထမပတ်က ပြောကြားချက်အရ သိရသည်။

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ