နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးရွှေဈေးကွက်တစ်ကျပ်သား ၁၃ သိန်းကျော် ဈေးများမြင့်တက်၍ အရောင်းအဝယ်အေး

  မန္တလေး    ဒီဇင်ဘာ    ၂၁


မန္တလေးမြို့ရွှေဈေးကွက်တွင် ဒီဇင်ဘာ ၁၉ ရက် StayatHome ဖြေလျှော့ပြီး ရွှေဆိုင်များစဖွင့်ချိန်တွင် တစ်ကျပ်သား ကျပ် ၁၃၂၄၀ဝ၀ အထိမြင့်တက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ရွှေထွက်ရာဒေသများဖြစ်သော သပိတ်ကျင်း၊ ရမည်းသင်းမြို့နယ်များတွင် အသွားအလာ ကန့်သတ်ထားခြင်း၊ ဒေါ်လာလဲလှယ်နှုန်းမြင့်တက်နေခြင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်နေခြင်းကြောင့်                 ရွှေဈေးများမြင့်တက်လျက်ရှိသည်။ ဒီဇင်ဘာလအတွင်းအခေါက်ရွှေတစ်ကျပ်သားကျပ် ၁၃ သိန်းအောက် ပြန်ကျရန်မဖြစ်နိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောသည်။ ရွှေဈေးအမြင့်ဆုံးရောက်ရှိသွားသောကြောင့် အရောင်းအဝယ်အေးသွားပြီး ရွှေစုဆောင်းထားသူအချို့မှာလည်း အခေါက်ရွှေဈေးငွေကျပ် ၁၃၂၄၀ဝ၀ သို့ ရောက်ရှိလာသဖြင့် ပြန်လည်ထုတ်ရောင်းချသူများပြားလျက်ရှိ ကြောင်း၊ မန္တလေးမြို့ရွှေအရောင်းအဝယ်ဈေးကွက်မှသိရသည်။ ဒီဇင်ဘာ ၂၀ ရက်၊ နံနက် ၇ နာရီ ရွှေအဖွင့်ဈေး အခေါက်ရွှေတစ်ကျပ်သား ၁၃၂၄၀ဝ၀ ကျပ်၊ ၁၅ပဲရည် ၁၂၄၆၀ဝ၀ ကျပ်၊ ကမ္ဘာ့ရွှေဈေးမှာ တစ်ထရိုင်အောင်စ ၁၈၈၂ ဒေါ်လာ၊ ငွေလဲနှုန်းမှာတစ်ဒေါ်လာ ၁၃၅၅ ကျပ်ဖြစ်ကြောင်း သိရသည်။        

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ