နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ဖြူမြို့နယ် ကျေးရွာမြစိမ်းရောင်စီမံကိန်းစတုတ္ထနှစ် ရန်ပုံငွေ ရေမျက်ရွာနှင့် ညောင်ဗြိန်ကျေးရွာတို့တွင် ပြန်လည်ထုတ်ချေးပေး

ကျောက်ဖြူ    ဒီဇင်ဘာ     ၂၁


ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်နေသော ကျေးရွာမြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးခြင်းကို ဒီဇင်ဘာ ၂၁ ရက်တွင် ကျောက်ဖြူမြို့နယ်၊ ရေမျက်ကျေးရွာနှင့် ညောင်ဗြိန်ကျေးရွာတို့တွင် ကျေးရွာမြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်ရန်ပုံငွေများကို ကိုဗစ်-၁၉ ကာကွယ်လမ်းညွှန်ချက်နှင့်အတူ မြစိမ်းရောင် အသင်းသား၊ အသင်းသူများထံသို့ ကျေးရွာ ၂ ရွာပေါင်း ၁ ယူနစ်ထုတ်ချေးပေးခဲ့သည်။

 ချေးငွေထုတ်ပေးခြင်းလုပ်ငန်းနေရာများသို့ ကျောက်ဖြူခရိုင် ကျေးလက်ဦးစီးမှူး ခရိုင်မှူး ဦးအောင်သက် ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာမြစိမ်းရောင်ကော်မတီဝင် များနှင့်ပူးပေါင်းပြီး အနီးကပ်ကြပ်မတ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူတို့က ကျေးရွာသူ၊ ကျေးရွာသားအနေဖြင့် မိမိတို့ရရှိသော ငွေကြေးများကို အလေအလွင့်မရှိစေရန် လုပ်ငန်းများ၌ အကျိုးရှိရှိလုပ်ဆောင်ကြရာတွင် ထည့်သွင်းအသုံးပြုကြရန်နှင့် ဝင်ငွေတိုးပွားစေပြီး တစ်ဖက်တစ်လမ်းမှ မိသားစုစားဝတ်နေရေးကို အထောက် အကူပြုသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


အောင်လှဖြူ(ရမ်းဗြဲ)






အခြားဆက်စပ်သတင်းများ