နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်−၁၉ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စီးပွားရေးအခက်အခဲကြောင့် Myanmar Liang Yida အထည်ချုပ်စက်ရုံမှ အလုပ်သမားဦးရေလျှော့ချ

ရန်ကုန်   ဒီဇင်ဘာ    ၂၁


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အပြင်ပဒံကျေးရွာ ရွှေသံလွင်စက်မှု ဇုန်ရွှေသံလွင်(ကျူး) သံလွင်လမ်းနှင့်မင်းဧရာလမ်းထောင့်ရှိမြေကွက်အမှတ်(၇၄) မြေတိုင်း အမှတ်(၁၄) Myanmar Liang Yida အထည်ချုပ်စက်ရုံမှ အလုပ်သမားကျား(၈၀)ဦး၊ မ(၈၀၅)ဦးဖြင့် လုပ်ငန်း လုပ်ကိုင်လျက်ရှိရာ ကိုဗစ်−၁၉ရောဂါဖြစ်ပွားနေသည့်ကာလအတွင်းစီးပွားရေးအခက်အခဲကြောင့် အလုပ်သမားကျား(၄၉)ဦး၊ မ(၂၂၆)ဦး စုစုပေါင်းအလုပ်သမား ၃၁၅ ဦးအား ဒီဇင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက  လုပ်သားအင်အားလျှော့ချရန်အတွက်အလုပ်မှ ရပ်ဆိုင်းခဲ့သည်။

အဆိုပါ အလုပ်မှရပ်ဆိုင်းခဲ့သည့်အလုပ်သမား (၃၁၅)ဦးအား လုပ်ခလစာလုပ်သက်အလိုက်နစ်နာကြေး၊ Notice ကြေးတို့အား တည်ဆဲဥပဒေပါခံစားခွင့်များနှင့်အညီပေးချေသွားမည်ဖြစ်ကြောင်း စက်ရုံ၏တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။ အလုပ်မှ ရပ်ဆိုင်းခံရသည့်အလုပ်သမားများက လည်းစက်ရုံပြင်ပလမ်းမဘေးတွင် ငြိမ်းချမ်းစွာ စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။          


  မိုးမြင့်ချယ်






အခြားဆက်စပ်သတင်းများ