နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန်လျင်မြို့ အမှုထမ်းရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်    ဒီဇင်ဘာ     ၂၁


ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ရွှေဝါလမ်းသွယ် (၂) တွင် ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၅ အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်တပ်ဖွဲ့နှင့် သန်လျင်မြို့နယ် မီသတ်တပ်ဖွဲ့တို့မှ မီးငြှိမ်းသတ်ယာဉ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော Level- 1 ယာဉ်အုပ်စုများ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ မိနစ် ၅၃ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၅ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း ကနဦးသတင်းရရှိသည်။              


သက်ခိုင်(သန်လျင်)






အခြားဆက်စပ်သတင်းများ