နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းရှိ ရွှေပန်းထိမ်လုပ်ငန်းများ အားလုံးနီးပါး ရပ်နားထားရသဖြင့် ရွှေပန်းထိမ်လုပ်သားများ စားဝတ်နေရေး အခက်အခဲရှိလာ

ရန်ကုန်၊  မေ  ၆

ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ စိုးရိမ်ရဆဲ အခြေအနေ တွင် ရှိနေသေးသဖြင့် သက်ဆိုင်ရာမှ ရောဂါကာကွယ်ထိန်းချုပ်ရေး ကန့်သတ်ကာလအား တိုးမြှင့်သတ်မှတ် ထားသည့်အတွက် စီးပွားရေးလုပ်ငန်းအများစု ရပ်နားထားရသလို ရွှေဆိုင်များလည်း ပိတ်ထားရကြောင်း သိရသည်။

အလားတူ ရွှေဆိုင်များအပေါ် အမှီပြုလုပ်ကိုင်နေရသော ရွှေပန်းထိမ်လုပ်ငန်းများ အားလုံးနီးပါးလည်း ရပ်နားထားရပြီး ရွှေဆိုင်များမှနေ၍ အပ်ထည်အော်ဒါများ မပေးနိုင်တော့သဖြင့် ယခုကဲ့သို့ ရွှေပန်းထိမ်လုပ်ငန်း များ ရပ်နားထားရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွှေပန်းထိမ်လုပ်ငန်းများ ရပ်နားထားရသောကြောင့် ရွှေပန်းထိမ်လုပ်သားများအနေနှင့် ယင်းတို့ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများရှိလာကြောင်း ရန်ကုန်မြို့မှ ပန်းထိမ်ဆရာတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ရွှေပန်းထိမ်လုပ်သားများထဲတွင် နယ်ဘက်ဒေသများမှ လာရောက်လုပ်ကိုင်သူ အများအပြားရှိပြီး ယခုအခါ အလုပ်များရပ်နားထားရဖြင့် ရန်ကုန်မြို့တွင် ဆက်လက်နေထိုင် စားသောက်နိုင်ရန် အတွက် အခက်အခဲများရှိလာသလိုနေရပ်ဒေသများသို့ ပြန်သွားရန်လည်း အခက်အခဲများရှိနေကြောင်း သိရသည်။

ယခုနှစ်များတွင် ပြည်တွင်း၌ ရွှေထည်ပစ္စည်းများကို ငွေပိုလျှံချိန်တွင် စုဆောင်းသည့် သဘောမျိုးဖြင့်သာ  ဝယ်ယူထားကြပြီး ငွေလိုအပ်ချိန်တွင် ထုတ်ရောင်းကာ ငွေဖော်ကြကြောင်း၊ လူတစ်ဦးချင်းစီ၏ ဝင်ငွေမြင့်မား လာပြီး စားဝတ်နေရေး ချောင်လည်မည်ဆိုပါက ရွှေဈေးနှုန်းသည် အမြင့်ပိုင်းတွင် ရှိနေစေကာမူ ရွှေ အရောင်းအဝယ်များ ပြန်ကောင်းလာနိုင်ကြောင်း ပြည်တွင်းမှ စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။  

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ