နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
One Plus 9 စီးရီးကင်မရာစနစ်အတွက် Leica နှင့် OnePlus တို့ ပူးပေါင်းသွားမည်

ဒီဇင်ဘာ ၂၁


One Plus က ကမ္ဘာကျော်ဂျာမန်ကင်မရာနည်းပညာကုမ္ပဏီ Leica နှင့် Partnership ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ယခုတစ်ပတ်ထဲတွင် Vivo က စမတ်ဖုန်းကင်မရာ နည်းပညာအဆင့်မြှင့်နိုင်ရန်အတွက် Carl ZEISS နှင့် ပူးပေါင်းခဲ့ပြီး Vivo ZEISS Imaging Lab သုတေသနဖြင့် ဖွံ့ဖြိုးရေးအစီအစဉ်မှ မိုဘိုင်းဓါတ်ပုံနည်းပညာအတွက် ဆန်းသစ်တီထွင် မှုများ ဦးစားပေးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ZEISS ကင်မရာနည်းပညာပါဝင်သည့် ပထမဆုံး Vivo ဖုန်း X60 series ကို ဒီဇင်ဘာ ၂၉ ရက်တွင် မိတ်ဆက်သွားရန် ပြင်ဆင်ဆောင်ရွက်နေသည်။

One Plus ကလည်း ကုမ္ပဏီထွက် flagship ဖုန်းများတွင် ထိပ်တန်းအဆင့်ကင်မရာနည်းပညာ အသုံး ပြုနိုင်ရန် Leica နှင့် ပူးပေါင်းသွားရန်ရှိနေပြီး Leaker တစ်ဦးဖြစ်သည့် Teme ဆိုသူက Twitter တွင် ရေးခဲ့သည်။ One Plus နှင့် Leica တို့ ပူးပေါင်းထား သည့် စမတ်ဖုန်းကင်မရာနည်းပညာကို OnePlus 9 series တွင် အသုံးပြုသွားရန်ရှိကြောင်း Teme ဆိုသူက ပြောထားသည်။ Leica သည်Huawei နှင့် စမတ်ဖုန်းနည်းပညာပိုင်းအတွက် ပူးပေါင်းထားသည့် မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၆ ထွက် Huawei P9 ဖုန်းများတွင် Leica ကင်မရာစနစ် အသုံးပြုလာပြီးနောက် Huawei P series ဖုန်းသစ်များသည် ကင်မရာစွမ်းဆောင်ရည် အမြင့်ဆုံးဖုန်းများဖြစ်လာခဲ့သည်။ နာမည်ကြီး DxOMark စမတ်ဖုန်းကင်မရာ Ranking အဆင့်တွင် Huawei Mate 40 Pro သည် ထိပ်ဆုံးက ရပ်တည်နေသည်။

 One Plus သည် ကင်မရာအတွက် Leica နှင့် လက်တွဲလုပ်ဆောင်သွားပါက မျိုးဆက်သစ် One Plus flagship ဖုန်းများ၏ ကင်မရာစွမ်းဆောင်ရည်သည် ပိုမိုကောင်းမွန်လာသည့်အဆင့် ရောက်လာနိုင်မည်ဖြစ် သည်။ One Plus 8 series အနေဖြင့် One Plus 9 ၊ One Plus 9E နှင့် One Plus 9 Pro တို့ ပါဝင် လာမည်ဖြစ်သည်။ 

(WP)






အခြားဆက်စပ်သတင်းများ