နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုရှယ်မီဒီယာများပေါ်တွင် Troll ခံနေရသည့် AirPods Max

ဒီဇင်ဘာ ၂၁


ယခု ဒီဇင်ဘာလ ၁၅ ရက်မှစတင်ထွက်ရှိထားသည့် AirPods Max ၏ Headphones အားသာချက်က Ambient noise များကို block လုပ်ပေးနိုင်ခြင်းဖြစ်သည့်အပြင် Active Noise Cancellation နှင့် Spatial Audio ကို ဖွင့်ထားပြီး အသုံးပြုပါက နာရီ ၂၀ အထိ တောက်လျှောက်အသုံးပြုနိုင်ခြင်းဖြစ်သည်။  AirPods Max ၏ Functions များသည် အခြား Headphones များထက် ပိုမိုကောင်းမွန်ပြီး အခြား Headphones များထက်လည်း စျေးနှုန်းကွာခြားမှုလည်းရှိသည်။ AirPods Max တစ်စုံ၏ စျေးနှုန်းသည် အမေရိကန် ၅၄၉ ဒေါ်လာအထိ တန်ဖိုးရှိပြီး အဆိုပါ AirPods Max နှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွင် Troll နေသည့် လူကြိုက်အများဆုံး ပို့စ် ၆ ခုရှိသည်။

အခြား Headphone များထက် ဒေါ်လာ ၁၀၀ စျေးများနေပြီး Functions များတူသည့် Bose, Sony နှင့် Micheal Jordan က Headphone များကပင် AirPods Max ကဲ့သို့ စျေးမများပေ။ AirPods Max ကို သာမန်လူတန်းစားများ အသုံးမပြုနိုင်သကဲ့သို့ Troll ခဲ့ခြင်းဖြစ်သည်။ AirPods Max အမည်ပေးခဲ့သည့် အပေါ် လှောင်ပြောင်ထားခြင်းမျိုးလည်းရှိသည်။ AirPods Max ကို ထည့်ထားသည့် Headphone အိတ်ကို နောက်ထပ်ပုံစံတစ်မျိုးဖြင့် Troll ခဲ့ခြင်းဖြစ်သည်။ AirPods Max ၏ စျေးကြီးပုံကို သာမန်ပုံစံဖြင့်ရေးပြီး နှိုင်းယှဉ်သရော်ခဲ့ခြင်းများလည်း ရှိသည်။  အဆိုပါ AirPods Max တစ်စုံ၏ တန်ဖိုးသည် PC, PS5, TV, Xbox Series X, Switch, Laptop အစရှိသည့် လျှပ်စစ်ပစ္စည်းများအပြင် အခြား Sony နှင့် Base တို့က ထုတ်လုပ်ခဲ့သည့် Headphones များထက် ပိုပြီးစျေးကြီးကြောင်း နှိုင်းယှဉ်ပြခဲ့ခြင်းဖြစ်သည်။ 

(HWY)






အခြားဆက်စပ်သတင်းများ