နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Moto G Play (2021) တွင် အသုံးပြုလာမည့် စနစ်အချို့ ထွက်ပေါ်လာ

ဒီဇင်ဘာ ၂၁


Motorola ကနောက်ပိုင်းမှာ စမတ်ဖုန်းသစ်များ ဆက်တိုက်ထုတ်လုပ်ရောင်းချလာပြီး လာမည့် ၂၀၂၁ ခုနှစ်မှာ ပိုမိုထုတ်လုပ်လာရန်ရှိနေသည်။ ယခုအခါတွင်လည်းMoto G Play (2021) ကို Google Play Console မှာတင်လာပြီးအဆိုပါဖုန်းမှာအသုံးပြုလာမည့် စနစ်အချို့ကိုလည်းဖော်ပြထားသည်။

Moto G Play (2021) ကို Snapdragon 460 Chipset နှင့် ပါဝါထောက်ပံ့လာမည်ဖြစ်သည်။ မျက်နှာပြင်အရွယ်အစားကို မသိရသေးသော်လည်း HD+ (720×1600) ရုပ်ထွက်သုံးလာမည်ဖြစ်ကာ RAM3GB ပါဝင်လာမည်ဖြစ်သည်။

ယင်းမှာ Moto G Play (2021) ၏ မျက်နှာပြင်ဓာတ်ပုံကိုလည်းဖော်ပြထားပြီးWaterdrop Notch သုံးထားသည်။ ဖုန်း၏ညာခြမ်းမှာ အသံအတိုးအချဲ့ခလုတ်များနှင့် ပါဝါခလုတ်များကိုထည့်သွင်းထားပြီးလက် ဗွေရာစနစ်ကိုကျောဘက်မှာထည့်သွင်းလာရန်ရှိသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ